Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-03-01 08:51:57

၂. ၃. ၂၀၂၃ ၊ ဝါတွင်း ပထမပတ် (ကြာသပတေးနေ့)
ရှင်မာတေဦး ၇း ၇ - ၁၂
ထောက်ရှုချက်
By Sr. Lucia Lu Pha FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)

တောင်းကြလော့၊တောင်းလျှင်သင်တို့အား ပေးလိမ့်မည်။ရှာကြလော့၊ရှာလျှင်သင်တို့သည် တွေ့ကြလိမ့်မည်။တံခါးကိုခေါက်ကြလော့။ခေါက်လျှင် သင်တို့အား တံခါး ဖွင့်ပေးလိမ့်မည်။အကြောင်းမူကား တောင်းသော သူတိုင်းသည်ရ၏။ ရှာသောသူသည်လည်း တွေ့၏။တံခါး ခေါက်သောသူ အားလည်း ဖွင့်ပေးလိမ့်မည်။သင်တို့ တွင် မည်သူသည် မိမိ၏သား ကမုန့်ကို တောင်းလျှင် သူ့အား ကျောက်ခဲ ကိုပေးမည်နည်း။ ငါးကိုတောင်းလျှင် မည်သူသည် သူ့အား ၏မြွေကိုပေးမည်နည်း။ ငါးကိုတောင်း လျှင် မည်သူသည် သူ့အားမြွေကိုပေးမည်နည်း။ ဆိုးမိုက်သောသင်တို့ပင်လျှင် မိမိတို့၏ သားသမီး များအားကောင်းသောအရာများကိုပေးတတ်ကြလျှင် ကောင်းကင် ဘုံ ၌ ရှိ တော်မူသော သင်တို့ ၏ အဖသည်လည်း မိမိထံ တောင်းလျှောက် သူတို့အား ကောင်းသောအရာများ ကိုထိုထက်မကပို၍ ပေးတော်မူမည် မဟုတ်လော။ သင်တို့အား သူတစ်ပါးတို့ပြုမူစေလို သည့်အတိုင်း သင်တို့သည်လည်း သူတစ်ပါးတို့အား ပြုမူကြလော့။ ဤသည်ကား ပညတ်တရားကျမ်း နှင့် ပရောဖက် ကျမ်းတို့ပင်ဖြစ်သတည်း။ရှင်မာသေဦး ၇:၇-၁၂ကျွန်ုပ်တို့ ၏အဖဘုရားသခင်ဟာ မျှော်လင့်ခြင်းနှင့် အားကိုးယုံကြည်ခြင်း အပြည့်အဝဖြင့် အသနားခံ တောင်းလျှောက်‌သော သားသမီးတစ်ဦးစီအား အကောင်းဆုံးသောအရာများကိုသာ ပေးသနားတော်မူတယ်။ ကျွန်ုပ်တို့တောင်းလျှောက်သော အရာများသာမက မတောင်းလျှောက်သော ကျွန်ုပ်တို့၏ လိုအပ်ချက်များကိုလည်း နေ့စဥ်နေ့တိုင်း ပေးသနားတော်မူတယ်။ဒါကြောင့် ကျွန်ုပ်တို့လည်း သခင်ခရစ်တော်ကမိမိ၏ တပည့်တော်ကြီးများကို  ဆုတောင်းကြဖို့ သွန်သင်တော်မူခဲ့တဲ့အတိုင်း  အမြဲတမ်း ကောင်းမြတ်တော်မူခြင်းများ ကိုသာ ပေးသနားတော်မူသော အဖဘုရားရှင်ထံ ယုံကြည်ကိုးစားခြင်းဖြင့် မိမိတို့၌လိုအပ်သောအရာများအတွက် သားသမီးစိတ်အားထက်သန်စွာဖြင့် ဆုတောင်းသွားကြပါစို့။

 

 

 

Daily Reflection