၃. ၃. ၂၀၂၃ ဝါတွင်း ပထမပတ်(သောကြာနေ့)
ရှင်မာတေဦး (၅း ၂၀ -၂၆)
ကျမ်းစာထောက်ရှုချက် by Sr. Angela Win Win Maw FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယေဇူးကသူ့ရဲ့နောက်လိုက်တွေကို မင်းတို့တတွေက ဖါရီးဇေဦးတွေနဲ့တူနေမယ်ဆိုရင် ကောင်းကင်နိုင်ငံသို့ ဘယ်တော့မှဝင်ရလိမ့်မည်မဟုတ်။ဘာကြောင့်မို့ ယေဇူးကဒီစကားပြောသလဲဆိုရင် ဖါရီးဇေဦးတွေက သူတို့ သင်ပေးတဲ့အရာကို သူတို့မလိုက်ကျင့်လို့ပဲဖြစ်တယ်။ ကျမ်းစာပိုဒ်ရဲ့ အဓိက,က ကြေအေးသင့်မြတ်ပြီးမှ သင့်ရဲ့ပူဇော်ခြင်းကို လက်ခံမှာဖြစ်တယ်။ ဒါလုပ်ဖို့ရန် ကျွန်ုပ်တို့ တစ်ယောက်ချင်းစီက နှိမ့်ချမှသာ ညီအစ်ကို ကိုခွင့်လွတ်ကြေအေးသင့်မြတ်မှာဖြစ်ပါတယ်။