Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-03-03 07:09:17

၄. ၃. ၂၀၂၃ ဝါတွင်းပထမအပတ်  (စနေနေ့)
ရှင်မာတေးဦး ၅း ၄၃-၄၈
ထောက်ရှုချက် By Sr. Teresa Ja Bawk FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)

 ဒီကနေ့ကျမ်းစာထဲမှာသခင်ယေဇူးကကျွန်ုပ်တို့တစ်ဦးချင်းစီကို လူတိုင်းအပေါ်ကောင်းမြတ်ပြီး ချစ်ရန်၊အကန့်အသတ်မရှိ ခွင့်လွတ်ရန်နှင့်ရန်သူကိုတောင်မှချစ်ရန် နောက်ဆုံးအဖဘုရားသခင်ကဲ့သို့ စုံလင်ပြည့်ဝသူများဖြစ်လာရန်ဖိတ်ခေါ်ထားပါတယ်။ဒီဖိတ်ခေါ်သံကိုလူ့ဇာတိသဘောဝ အတိုင်း တုန့်ပြန်နိုင်ရန် ခဲရင်းလှပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တွေမှာ ဘုရားပေးထား တဲ့ဘုရားဇာတိ၊ဘုရားစိတ်ဓာတ်တွေ ရှိနေပါတယ်။ဒါကြောင့်လည်း သခင်ယေဇူးက အဖခမည်းတော်ဘုရားကဲ့သို့ စုံလင်သောချစ်ခြင်းနဲ့ချစ်ရန်ဖိတ်ခေါ်ခြင်းဖြစ်တယ်။လူ့သဘာဝ ဇာတိကိုကျော်လွန်ပြီး ဘုရားဇာတိ ကျွန်ုပ်တို့ဆီမှာ ထင်ရှားလာနိုင်မှသာလျှင် ဒီကနေ့ သခင်ယေဇူး၏ ဖိတ်ခေါ်သံကို လက်တွေ့ဘဝမှာနေထိုင်ကျင့်ကြံ နိုင်မှာဖြစ်ပါတယ်။ဘုရားဇာတိ ကျွန်ုပ်တို့ဆီမှာ ပေါ်လွန်ထင်းရှားနိုင်ရန် ကျွန်ုပ်တို့ဟာ ဘုရားသခင်၏ ချစ်ခြင်း၊သနားကြင်နာ ခွင့်ခြင်းတွေကိုပထမဦးစွာ လက်ခံပြီး ခံစားမှာသာလျှင် တစ်ပါးသူကို မျှဝေနိုင်မှာ ဖြစ်ပါတယ်။ဒီဝါးတွင်းကာလမှာ လူ့ဇာတိအောက်မှာနှစ်မြုပ်နေသောကျွန်ုပ်တို့၏ ဘုရားဇာတိ၊ဘုရားစိတ်ဓာတ်တွေ ပေါ်လွင်ထင်ရှားနိုင်ရန် ကြိုးစားရင်း ဘုရားသခင်ထံမှ လိုအပ်သော ကျေးဇူးတော်တွေ တောင်းခံသွားကြပါစို့။  

Daily Reflection