5. 3. 2023 (ဝါတွင်း ဒုတိယအပတ်၊ တနင်္ဂနွေနေ့)
ရှင်မာတေးဦး ၁၇း ၁ - ၉
ထောက်ရှုချက် By Sr. Susanna FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ထိုမှခြောက်ရက်လွန်မြောက်သောအခါ ယေဇူးသည် ပေတရု၊ယာကုပ် နှင့် သူ၏ညီယောဟန်တို့ကို မိမိတို့ နှင့် အတူခေါ်၍ဆုတောင်းရန် မြင့်မားသောတောင်ပေါ်ရှိ ဆိတ်ကွယ်ရာအရပ်သို့ တက်တော်မူ၏။ကိုယ်တော်သည် သူတို့ရှေ့တွင် အဆင်းသဏ္ဌန်ပြောင်းလဲ တော်မူသဖြင့် မျက်နှာတော်သည်နေကဲ့သို့ ထွန်းလင်းတောက်ပ၍ အဝတ်တော်တို့သည် စူးရှသောအလင်းကဲ့သို့ ဖြူဖွေးနေ၏။ထို့နောက် မိုးဇက် နှင့် ဧလိယတို့သည် သူတို့ရှေ့တွင်ပေါ်လာ၍ ကိုယ်တော် နှင့်စကားပြောနေကြ၏။ထိုအခါပေတရုက ယေဇူးအားသခင်ဘုရား၊ဤအရပ် သည်တပည့်တော်တို့အဖို့အလွန်နေစရာ ကောင်းပါ၏။ကိုယ်တော်အလိုတော်ရှိလျှင် ကိုယ်တော်အတွက် တဲတစ်ဆောင်၊မိုးဇက် အတွက်တဲတစ်ဆောင်၊ဧလိယအတွက် တဲတစ်ဆောင်ကို တပည့်တော်ဆောက်လုပ်ပါမည်ဟုလျှောက်လေ၏။ ဤသို့ လျှောက်ထားစဉ်တွင် တောက်ပသောတိမ်တိုက် တစ်ခုသည် သူတို့ကို ဖုံးလွှမ်း၍ တိမ်တိုက်ထဲမှအသံထွက်ပေါ်လာသည်ကား ဤသူသည် ငါအလွန်နှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း၊သူ့ကို နာခံကြလော့ဟူ ၍ ဖြစ်၏။တပည့်တော်တို့ သည် လည်း ထိုအသံကိုကြား သော အခါလွန်စွာကြောက်ရွံ့သဖြင့် မြေပေါ်တွင် ပျပ်ဝပ်နေကြ၏။ သို့ရာတွင် ယေဇူးသည် ချဉ်းကပ် ၍ သူတို့အား တို့ထိလျက် ထကြလော့၊မကြောက်ကြ နှင့် ဟု မိန့်တော်မူ၏။သူတို့သည် မော်၍ကြည့်ကြသောအခါ ယေဇူးမှတစ်ပါး မည်သူ့ကိုမှမမြင်ကြချေ။သူတို့သည် တောင်ပေါ်မှ ဆင်းလာကြသောအခါ ယေဇူးက လူသားသည် သေခြင်းမှထမြောက်သည့်တိုင်အောင် ဤအချင်းအရာကိုမည်သူ့အား မျှမပြောကြနှင့် ဟု တပည့်တော်တို့အား မိန့်မှာတော်မူ၏။ကျွန်ုပ်တို့အများစုဟာ မိမိတို့ချစ်တဲ့သူတွေရဲ့ စကားကိုနားထောင်ဖို့အရမ်းကို လွယ်ကူပါတယ်။သူတို့အပေါ်ထားတဲ့ မိမိရဲ့ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့ အရာအားလုံးကိုလုပ်ပေးဖို့ ပျော်ရွှင်တတ်လေ့ရှိကြတယ်။ဒီကနေ့မှာ ကျွန်ုပ်တို့ကို အနှိုင်းမဲ့တဲ့ချစ်ခြင်းနဲ့ ဦးစွာချစ်တော်မူတဲ့ခရစ်တော်ဘုရားရှင်ရဲ့စကားကို နားခံဖို့ တစ်ဦးချင်းစီကို အဖခမည်းတော်ဘုရားကဖိတ်ခေါ်နေပါတယ်။အဖဘုရား အလွန်ချစ်မြတ်နိုးတော်မူတဲ့ သားတော်ကို နားခံခြင်းဖြင့်လည်း ကျွန်ုပ်တို့ရဲ့အသက်ဝိညာဉ်ကို ဘယ်တော့မှဆုံးရှုံးစေမှာမဟုတ်ပါဘူး။သူ့ကို မိမိတို့ရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှလာတဲ့ အဖြစ်အပျက်များမှဖြစ်စေ၊လူပုဂ္ဂိုလ်အသီးသီးမှဖြစ်စေ နားခံတတ်အောင် ကြိုးစားရင်းနေ့ရက်တိုင်းမှာ ဘုရားရဲ့အလိုတော်အတိုင်း အသက်ရှင်ရင်းထာဝရသုခချမ်းသာရရှိနိုင်ဖို့ ပြင်ဆင်ကြပါစို့။