၆. ၃. ၂၀၂၃ (ဝါတွင်း ဒုတိယအပတ်၊ တနင်္လာနေ့)
ရှင်လုကား ၆း၃၆-၃၈
ထောက်ရှုချက် By Sr. Cynthimar FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီနေ့ကျမ်းစာတော်မြတ်ကနေကျွန်ုပ်တို့ကို လူသားဆန်တဲ့သူတွေဖြစ်ဖို့ဖိတ်ခေါ်နေတယ်။ဒီကနေ့ ခေတ်ကြီးမှာလူ့အသိုင်းအဝိုင်းမှာနေကြတဲ့ ကျွန်ုပ်တို့တတွေ တစ်ဦးစ်ီအပေါ်တစ်ဦး လူသားဆန်ဖို့ အင်မတန်မှအရေးကြီးနေတယ်ဆိုတာ တွေ့ရတယ်။လူသားဆန်တယ်ဆိုတာဘာလဲရှင်လုကားကျမ်းထဲမှာ သခင်ယေဇူးကတပည့်တော်ကြီးတွေကို သူ့ရဲ့အဖခမည်းတော်လို သနားကြင်နာခြင်းရှိကြဖို့ခွင့်လွတ်ကြဖို့ပြောတယ်။တကယ်လွယ်ကူတဲ့အရာမဟုတ်ပေမဲ့ ဒီကနေ့ခေတ်အတွက်သနားကြင်နာခြင်းရှိဖို့ ခွင့်လွတ်ကြဖို့က ကျွန်ုပ်တို့ခရစ်ယာန်တွေအတွက် ကြီးမားတဲ့စိန်ခေါ်သံတစ်ခု ခေါ်တော်မူခြင်းတစ်ခုဖြစ်နေတယ်။ဒီလက္ခဏာတွေက ကျွန်ုပ်တို့အတွက်လူသားဆန်စေတဲ့ လက္ခဏာတွေဖြစ်တယ်။သနားကြင်နာခြင်း၊ခွင့်လွှတ်လိုက်ခြင်းဟာ တခြားသူကို စိတ်မချမ်းသာမှုစိတ်ဖိစီးမှုမှလွတ်မြောက်စေလို့ကျွန်ုပ်တို့ကိုလည်း လွတ်မြောက်စေပါတယ်။အခြားသူတစ်ဦး၊ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏ကမ္ဘာကိုပေးဆောင်ရန် အလွန်မွန်မြတ်တဲ့ စိတ်နေစိတ်ထား လက်ဆောင်လည်း ဖြစ်ပါတယ်။ဒီနေ့ကျွန်ုပ်တို့တစ်ယောက်ချင်းစီမှာရဲစွမ်းသတ္တိနဲ့ ခွန်အားတွေရကြပြီးကျွန်ုပ်တို့ရဲ့အဖခမည်းတော်လို ခွင့်လွတ်ခြင်း၊သနားကြင်နာခြင်း ဆီသို့ လျှောက်လှမ်းနိုင်ပါစေလို့ အချင်းချင်း ဆုတောင်းပေးကြပါစို့။