၇. ၃. ၂၀၂၃ -ဝါတွင်း ဒုတိယအပတ်၊ (အင်္ဂါနေ့)
ရှင်မာတေဦး (၂၃း ၁ - ၁၂)
ကျမ်းစာထောက်ရှုချက် by Sr. Stella FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဖါရီဇေဦးတွေဟာ တရားကျမ်းနဲ့ပရောဖက်ကျမ်းတွေကို သွန်သင်တဲ့နေရာမှာ တော်သလောက် သူတပါးကိုသူတို့သွန်သင်တဲ့အရာတွေကို ကျင့်ကြံတဲ့နေရာမှာတော့ အားနည်းကြတယ်။ဖါရီဇေဦးတွေရဲ့အပြောနဲ့အလုပ်မကိုက်ညီမှုတွေကိုအတုမယူကြဖို့သခင်ယေဇူးကသူရဲ့တရားနာပရိတ်သတ်ကို သတိပေးလေ့ရှိတယ်။ဖါရီဇေဦးတွေရဲ့ဂုဏ်ဆာမှု၊အရိုအသေခံလိုမှုနဲ့ဘာသာရေးဥပဒေတွေကို လိုက်နာတဲ့နေရာမှာ အတွင်းစိတ်ထက်အပြင်ပန်းကို ပိုပြီးဦးစားပေးလေ့ရှိကြတဲ့သူတို့ရဲ့အားနည်းချက်ကိုလဲ သခင်ယေဇူးက ထောက်ပြလေ့ရှိတယ်။ဘုရားတစ်ပါးသာပေးနိုင်တဲ့အရာတွေကိုလည်း လူတွေဆီက မမျှော်လင့်ဖို့ သခင်ယေဇူးက သွန်သင်တယ်။ဘုရားရှေ့မှာ ချီးမြှောက်ခံရဖို့အတွက်နှိမ့်ချခြင်းပါရမီကို ကျင့်ကြံနေထိုင်ဖို့လည်းသခင်ယေဇူးက အထူးမိန့်မှာတော်မူတယ်။အဖခမည်းတော်ဘုရား အလွန်ချစ်မြတ်နိုးရပါသော သားတော်ယေဇူးဘုရားရှင်ဟာ ခမည်းတော်ဘုရားရဲ့အလိုတော်ကိုသာဆောင်ရွက်ရင်း ခမည်းတော်ဘုရားကိုနှစ်သက်ကျေနပ်မှုပေးဖို့ တစ်ခုတည်းကိုသာအစဉ်ဆန္ဒရှိနေသူဖြစ်တယ်။သခင်ယေဇူးရဲ့နေထိုင်အသက်ရှင်မှုဟာ ဖါရီဇေဦးနဲ့ကျမ်းတတ်ဆရာတွေကလိုမဟုတ်ကြောင်း နောက်လိုက်တပည့်တော်တွေက သတိထားမိကြတယ်။ကိုယ့်ဘ၀ရဲ့ဘယ်နယ်ပယ်မှာ တပါးသူကကိုယ့်ကို ရိုသေလေးစားဖို့၊ကိုယ်ကမျှော်လင့်လေ့ရှိသလဲဆိုတာကို ထောက်ရှုစဉ်းစားရင်း သခင်ယေဇူးသွန်သင်တဲ့အတိုင်း ဖြစ်စေချင်တဲ့အတိုင်း နေထိုင်သွားနိုင်ဖို့ မိမိအတွက်နဲ့တစ်ပါးသူအတွက် ဆက်လက်ဆုတောင်းပေးသွားကြပါစို့။