၈ . ၃. ၂၀၂၃ (ဝါတွင်း ဒုတိယအပတ်၊ ဗုဒ္ဓဟူးနေ့)
ကျမ်းချက်။ ။ ရှင်မာတေဦး ၂၀း ၁၇ -၂၈
ထောက်ရှုချက် By Sr. Catharina Bawi FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“မည်သည့်အရာကိုသင်အလိုရှိသနည်း”ကျမ်းစာတော်မြတ်ထဲမှာရှင်ယာကုပ်နှင့်ရှင်ယောဟန်တို့၏မိခင်ဟာ ကိုယ်တော့်အထံတော်သို့ ပျပ်ဝပ်ချဉ်းကပ်လျက် ဆုကျေးဇူးတော်တောင်းခံသောအခါကိုယ်တော်က“မည်သည့်အရာကို သင်အလိုရှိသနည်း”ဟုမေးမြန်းခဲ့သည်။ထိုနည်းတူကျွန်ုပ်တို့ ဆုတောင်းသွားသည့်အခါတိုင်းဘုရားရှင်က သင်မည်သည့်အရာကိုအလိုရှိလဲလို့မေးနေမယ်ဆိုတာသေချာပါတယ်။ကျွန်ုပ်တို့ရော ဘယ်အရာတွေကိုတောင်းခံနေလဲ။ဂုဏ်၊ထင်ပေါ်ကျော်ကြားခြင်း၊ အာဏာ၊နေရာ၊ရာထူး၊ကြီးမြတ်ခြင်းတွေကို ဇေဗဒေးဦး၏ သားနှစ်ယောက်ကဲ့သို့ တောင်းခံနေလား။ဒီနေ့ကျမ်းစာတော်မြတ်ထဲမှာ သခင်ခရစ်တော်က စစ်မှန်သောကြီးမြတ်ခြင်းကိုသင်ပြပေးနေပါတယ်။“လူသားသည် တစ်ပါးသူကိုစေခိုင်းခြင်းငှာမဟုတ်ဘဲ အစေခံခြင်းငှာလည်းကောင်း၊မိမိ၏ အသက်ကိုစွန့်၍ လူအများကို ကယ်တင်ခြင်းငှာကြွလာတော်မူသည်။”သခင်ခရစ်တော်၌ကြီးမြတ်ခြင်းဟူမူကား လူအများ၏ကယ်တင်ခြင်း၊ဝမ်းမြောက်ခြင်းနှင့်လွတ်လပ်ခြင်းအတွက်မိမိ၏ အလိုဆန္ဒများကို ကျိုးနှိမ်ခြင်းဖြင့်ပေးဆပ်အစေခံခြင်းဖြစ်သည်။ဒါကြောင့် ဒီနေ့တစ်နေ့တာလုံးမှာ ဘုရားရှင်ထံမှ အစေခံတတ်သော နှလုံသားကိုတောင်းခံသွားကြပါစို့။