၁၀.၃.၂၀၂၃ ဝါတွင်း ဒုတိယအပတ် သောကြာနေ့
ထောက်ရှုချက် -- ရှင်မာတေးဦး ဧဝံဂေလိကျမ်း ၂၁း ၃၃-၄၃၊ ၄၅-၄၆
By Sr. Margaret, FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယေဇူးကလည်းတိုက်ကိုဆောက်သောသူတို့ ပယ်ထားသောကျောက်သည် အဓိကကျသော ထောင့်ချုပ်ကျောက်ဖြစ်လေပြီ။(ရှင်မာတေးဦး ဧဝံဂေလိကျမ်း ၂၁း၄၂ )ကျွန်ုပ်တို့နေထိုင်ရာ လူ့ဘဝအချို့အကွေ့ရဲ့လှည့်စားမှုအောက်မှာ ကျွန်ုပ်တို့ဟာ လိုအပ်မှုတွေထက် လိုချင်တတ်မက်မှုတွေရဲ့ကျော့ကွင်းထဲ ရှေ့ချီတက် ဆက်လက်တိုးဝင်ရင်း ကျွန်ုပ်တို့အတွက်ထောင့်ချုပ်ကျောက် ဖြစ်တဲ့သခင်ခရစ်တော်ကို ပယ်ထားကြတဲ့ကျမ်းစာတော်မြတ်ထဲက ဂျူးလူမျိုးများကျွန်ုပ်တို့ ကိုယ်တိုင်ဖြစ်နေမလား။ ‘ပယ်ထားသည်၊ စွန့်ပစ်သည်’ ဟူသော စကားလုံးသည် ထာဝရဘုရားရှင်ဘက်က ဘယ်သောအခါမှ မပြုတတ်သော စကားလုံးဖြစ်ပြီး ကျွန်ုပ်တို့ ဘက်မှ မူကားအရာရာ နှင့် နှိုင်းယှဥ်ကြည့်လျှင်ထာဝရ ဘုရားရှင်အားပယ်ထား မိနေပါသေးသည်။ ကျွန်ုပ်တို့အတွက်‘ထောင့်ချုပ်ကျောက်’ဖြစ်သော သခင်ဘုရားနှင့်အတူ အသက်ရှင်ကြပါစို့။အင်အားကြီးမားသော စာတန်နတ်ဆိုး၏ သေခြင်းကို အောင်နိုင်သူသည်ကျွန်ုပ်တို့၏ သခင်ယေဇူး ခရစ်တော်သာဖြစ်သည်။