၁၁. ၃. ၂၀၂၃ ( ဝါတွင်း ဒုတိယအပတ် စနေနေ့)
ရှင်လုကာ ဧဝံဂေလိကျမ်း ၁၅း ၁-၃၊ ၁၁-၃၂
ကျမ်းစာထောက်ရှုချက် By Cecilia Doi Ling, FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
အတိုင်းအတာမရှိသော ဘုရားရဲ့ချစ်ခြင်းမေတ္တာ ယနေ့ခေတ်လူအများစုဟာ အရာရာတိုင်းမှာတိုင်းတာပြီးသာလုပ်တတ်ကြပါတယ်။ဥပမာ-တပါးသူအားချစ်ခြင်း၊ရက်ရောခြင်း၊အကူအညီများပေးခြင်း၊ပေးဆပ်အနစ်နာခံခြင်းများ၌လည်းထိုနည်းတူပြုတတ်ကြပါတယ်။ယနေ့ ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာသားနှစ်ယောက်နှင့်ဖခင်တစ်ဦးအကြောင်း ပြောထားပါတယ်။သားနှစ်ယောက်ဟာ ညီအစ်ကိုတွေဆိုပေမဲ့စိတ်နေသဘောထား၊အပြုအမူ၊အကျင့်စရိုက်တွေ မတူကြပါဘူး။ဒါပေမဲ့ဖခင်ကတော့သူတို့နှစ်ဦးအပေါ် တူညီသောချစ်ခြင်းဖြင့်ချစ်ခဲ့တယ်။မိမိရဲ့ဥစ္စာပစ္စည်းသုံးဖြုန်းခဲ့တဲ့ သားကိုတောင်မှကြီးမားသောချစ်ခြင်းဖြင့် ပြန်လည် လက်ခံကြိုဆိုခဲ့တယ်။ဤကျမ်းစာတော်မြတ်အားဖြင့်ကျွန်ုပ်တို့အား ဖိတ်ခေါ်နေတာက ကောင်းသောအရာများပြုလုပ်ဖို့ အထူးသဖြင့်တပါးသူအားချစ်ခြင်း၌ ခရစ်တော်ရဲ့ချစ်ခြင်းကို အတုယူကာအတိုင်းအဆမရှိသောချစ်ခြင်းကို မျှဝေနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။သင်တို့အားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေ။