Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-03-12 05:28:12

၁၃. ၃. ၂၀၂၃ (တနင်္လာနေ့)
ရှင်လုကာ ဧဝံ‌‌‌ဂေလိကျမ်း ၄း ၂၄ - ၃၀
ကျမ်းစာထောက်ရှုချက် By Sr. Bernedette FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သို့သော်သင်တို့အားငါအမှန်ဆိုသည်ကား မည်သည့်ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမရချေ။အမှန်ဆိုရလျှင်ပရောဖက်ဧလိယလက်ထက် ၌ကောင်းကင်သည်သုံးနှစ်နှင့်ခြောက်လပတ်လုံးပိတ်လျက်ရှိ ၍နိုင်ငံတစ်ဝန်းလုံး ၌ကြီးစွာသောအစာငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်သည့် ကာလ၌အစ္စရာအဲလ်ပြည်တွင်မုဆိုးမများစွာ ရှိကြ၏။သို့ရာတွင် ပရောဖက်ဧလိယသည်စီဒွန်နယ်၊ဇာရေဖတ်မြို့ရှိ မုဆိုးမတစ်ဦး မှတစ်ပါးအခြားမည်သူ့ထံသို့ မျှ စေလွှတ်ခြင်း မခံခဲ့ရပေ။ပရောဖက် ဧလိဇေးဦးလက်ထက်၌အစ္စရာအဲလ်ပြည်တွင်အနာကြီးရောဂါစွဲသူများစွာရှိ သော်လည်းဆီးရိယပြည်သားနာမန်မှတစ်ပါးမည်သူမျှ ပျောက်ကင်းစင်ကြယ်ခွင့်မရခဲ့ကြဟုမိန့်တော်မူ၏။တရားဇရပ်တွင် ရှိသောလူအပေါင်းတို့ သည်လည်း ဤစကားကိုကြားသောအခါအမျက်ပြင်းစွာထွက်ကြ၏။ထိုအခါသူတို့သည် ထ၍ကိုယ်တော့်ကို မြို့ပြင်သို့ထုတ်ပြီးလျှင်မြို့တည်ရှိရာတောင်ထိပ်စွန်းမှတွန်းချခြင်းငှာ ခေါ်ဆောင်သွားကြ၏။သို့ရာတွင်ကိုယ်တော်သည်သူတို့အလယ်မှလျှောက်၍ ကြွသွားတော်မူ၏။ 

Daily Reflection