Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-03-13 06:46:44

၁၄. ၃. ၂၀၂၃ (အင်္ဂါနေ့)
ရှင်မာတေးဦး  (၁၈း ၂၁ - ၃၅)
ထောက်ရှုချက် By Sr. Monica FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ထိုအခါ ပေတရုသည်အထံတော်သို့ ချဉ်းကပ်၍သခင်ဘုရား၊တပည့်တော်၏ ညီအစ်ကိုသည် တပည့်တော်ကိုပြစ်မှားလျှင်သူ၏အပြစ်ကိုအကြိမ်မည်မျှ ခွင့်လွှတ်ရပါမည်နည်း။ခုနစ်ကြိမ်တိုင်အောင် လောဟုမေးလျှောက်လေ၏။ယေဇူးက ခုနစ်ကြိမ်တိုင်အောင်မဟုတ်၊ အကြိမ်ခုနစ်ဆယ်ခုနစ်လီတိုင်အောင် ခွင့်လွှတ်ရမည်ဟုသင့်အား ငါဆို၏။ထို့ကြောင့် ကောင်းကင်နိုင်ငံတော်ကို မိမိအစေခံများ နှင့် စာရင်းရှင်းလိုသည့်ဘုရင်တစ်ပါး နှင့်ပုံဥပမာခိုင်းနှိုင်းနိုင်၏။သူသည် စာရင်းစတင်ရှင်းသောအခါတာလင်တစ်သောင်းအကြွေးတင်သော သူတစ်ယောက်ကိုရှေ့တော်သို့ခေါ်ဆောင်ခဲ့ကြ၏။ထိုသူသည် အကြွေးမဆပ်နိုင်သောကြောင့်သူ၏ သခင်ကထိုသူနှင့် အတူသူ၏သားမယား နှင့်ဥစ္စာပစ္စည်းရှိသမျှ တို့ကို ရောင်းချ ၍ အကြွေးကိုဆပ်ရမည်ဟု သူ့အားအမိန့်ချမှတ်လေ၏။ထိုအခါထိုအစေခံသည် ဒူးတုပ်ပျပ်ဝပ်လျက် သူ့အားအကျွန်ုပ်ကို သည်းခံတော်မူပါ၊ရှိသမျှကို အကျွန်ုပ်ပေးဆပ်ပါမည်ဟု တောင်းပန်လေ၏။ထိုအစေခံ၏ သခင်သည်လည်း သနားသောစိတ်ဖြင့် သူ့ကိုလွှတ်ကာသူ၏ အကြွေးကိုလည်း စာရင်းမှပယ်ဖျက်လိုက်လေ၏။ ထိုအစေခံသည်ကားထွက်သွားစဉ်မိမိအပေါ်၌ ဒေနာရီတစ်ရာအကြွေးတင်သော အစေခံအဖော် တစ်ယောက်ကိုတွေ့ လျှင်ထိုသူ  ၏ လည်ပင်းကိုညှစ်လျက် ငါ့အားသင်ပေးဆပ်ရန် ရှိသည်ကို ပေးလော့ဟုဆို၏။ထိုအခါသူ၏ အစေခံအဖော်ကလည်း ပျပ်ဝပ်လျက် အကျွန်ုပ်ကို သည်းခံပါ၊အကြွေးရှိသမျှကိုအကျွန်ုပ်ဆပ်ပါမည်ဟုသူ့အားတောင်းပန်လေ၏။သို့သော် သူသည် လက်မခံဘဲ ထိုသူအကြွေးဆပ်သည့်တိုင်အောင်သူ့ကို ထောင်ထဲ၌အကျဉ်းချထားလေ၏။ဤဖြစ်ရပ်ကိုသူ၏ အခြားအစေခံအဖော်တို့မြင်သောအခါ အလွန်ဝမ်းနည်းကြသဖြင့် မိမိတို့ ၏ သခင်ထံသို့ သွားပြီးလျှင် ဖြစ်ပျက်သမျှကိုလျှောက်ထားကြလေ၏။ ထိုအခါ သူ၏ သခင်သည် သူ့ကို ခေါ်၍ ဆိုးယုတ်သောကျွန်၊သင်သည်ငါ့ကိုတောင်းပန်သောကြောင့် ငါသည် သင်၏အကြွေးကိုလွှတ်ခဲ့လေပြီ။ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်း သင်၏ အစေခံအဖော်ကိုမသနားအပ်သလောဟုမိန့်တော်မူ၏။ထို့နောက် သူ၏သခင်သည် အမျက်ထွက်၍ထိုအစေခံအားသူ၏ အကြွေးအားလုံးပေးဆပ်သည့်တိုင်အောင်အကျဉ်းချထားရန် အာဏာသားတို့၏ လက်သို့ အပ်လိုက်လေ၏။သင်တို့ သည်လည်း မိမိညီအစ်ကို တို့၏ အပြစ်ကို အတွင်းစိတ်မှခွင့်မလွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏အဖသည်လည်း သင်တို့ အသီး သီးကိုထိုနည်းတူစီရင်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။ဒီနေ့သခင်ခရစ်တော်ကျွန်ုပ်တို့ကို ဖိတ်ခေါ်တာက တစ်ပါးသူအား အကြွင်းမဲ့ခွင့်လွှတ်တတ်ဖို့အတွက်အလိုဆန္ဒရှိပါတယ်။ဒါကြောင့်မို့ တစ်ပါးသူအားခွင့်လွှတ်တတ်သူအဖြစ်ရှင်သန်နိုင်ရန်ဘုရားသခင်ရဲ့အနှိုင်းမဲ့ချစ်ခြင်း၊ဘုရားသခင်ရဲ့ အကြွင်းမဲ့ခွင့်လွှတ်ခြင်းကို အမြဲထောက်ရှုစဉ်းစားရင်းခွင့်လွှတ်ခြင်းကိုကျင့်ကြံနိုင်ရန် ကြိုးစားသွားကြပါစို့။

Daily Reflection