၁၅. ၃. ၂၀၂၃ (ဗုဒ္ဓဟူးနေ့)
Mt. 5; 17-19
ဝါတွင်းကာလ တတိယအပတ် By Sr. Annie FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“ပညတ်တော်များကိုကိုယ်တိုင်ကျင့်၍အခြားသောသူများတို့လည်းကျင့်ရန်သွန်သင်လျှင်ထိုသူသည်ကောင်းကင်နိုင်ငံတော်တွင်ကြီးမြတ်သောသူဟုအခေါ်ခံရလိမ့်မည်။”ဘုရားကိုချစ်ခြင်းနှင့်နီးစပ်သောသူ တွေကိုချစ်ခြင်းကပညတ်တော်ဆယ်ပါးရဲ့အနှစ်ချုပ် ဖြစ်ပါတယ်။ခရစ်တော်ရှင်ကိုယ်တော်တိုင်ကဒီပညတ်တော်အတိုင်းကျင့်ကြံခဲ့ပြီးယနေ့မှာလည်းကျွန်ုပ်တို့တစ်ဦးစီကိုနေ့စဥ်အသက်တာမှာထိုချစ်ခြင်းပညတ်တော်အတိုင်းလိုက်ကျင့်နေထိုင်ပြီးနီးစပ်သူများအားသွန်သင်ရန်ဖိတ်ခေါ်ထားပါတယ်။