၁၆. ၃. ၂၀၂၃ (ဗုဒ္ဓဟူးနေ့)
ရှင်လုကား11; 14 – 23
By Sr. Filo FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
တစ်ချိန်တွင်ကိုယ်တော်သည် ဆွံ့အစေသောနတ်ဆိုးကိုနှင်ထုတ်တော်မူသဖြင့်နတ်ဆိုးထွက်သွားသောအခါဆွံ့အသောသူသည် စကားပြန်ပြောနိုင်လေ၏။လူအစုအဝေးတို့သည်လည်း အံ့ဩကြ၏။ သို့သော် ထိုသူတို့တွင်အချို့ကသူသည် နတ်ဆိုးတို့၏ အကြီးအကဲဘဲလ်ဇေဘုလ်ကိုအမှီပြု၍နတ်ဆိုးတို့ကိုနှင်ထုတ် ခြင်းဖြစ်သည်ဟုဆိုကြ၏။အခြားသော သူတို့ကလည်းကိုယ်တော့်ကို စုံစမ်းလိုသဖြင့်ကောင်းကင်မှနိမိတ်လက္ခဏာကိုတောင်းခံကြ၏။သို့သော်ကိုယ်တော်သည် သူတို့၏အတွင်းစိတ်ကိုသိသဖြင့်သူတို့အားမိန့်တော်မူသည်ကား မညသည့်တိုင်းနိုင်ငံမဆိုမိမိအတွင်း၌စိတ်ဝမ်းကွဲပြားခြင်းရှိလျှင်ပြိုကွဲပျက်စီးလိမ့်မည်။အိမ်ထောင်စုသည်လည်းအတွင်း၌မသင့်မတင့်ဖြစ်ပါကပြိုကွဲပျက်စီးလိမ့်မည်။စာတန်သည်လည်းမိမိကိုယ်မိမိဆန့်ကျင်၍ကွဲပြားလျှင်သူ၏နိုင်ငံသည် မည်ကဲ့သို့ရပ်တည်နိုင်ပါမည်နည်း။အကြောင်းမူကား ငါသည်ဘဲလ်ဇေဘုလ်ကို အမှီပြု ၍နတ်ဆိုးများကို နှင်ထုတ်သည် ဟုသင်တို့ဆိုကြ၏။အကယ်၍ငါ သည်ဘဲလ်ဇေဘုလ်ကို အမှီပြု၍နတ်ဆိုးများကို နှင်ထုတ်လျှင်သင်တို့၏လူများသည် မည်သူ့ကို အမှီပြု၍နတ်ဆိုးများကိုနှင်ထုတ်ကြသနည်း။ထို့ကြောင့် သူတို့သည်သင်တို့ကိုတရားစီရင်သောသူများဖြစ်ကြလိမ့်မည်။သို့ရာတွင်အကယ်၍ငါသည် ဘုရားသခင်၏လက်ညှိုးတော်အားဖြင့်နတ်ဆိုးများကိုနှင်ထုတ်သည်ဖြစ်လျှင်ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အပေါ်သို့ကျရောက်လေပြီ။ ခွန်အား ကြီးသူ တစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် မိမိအိမ်ကိုစောင့်ရှောကလျှင် သူ၏ဥစ္စာပစ္စည်းတို့သည် လုံခြုံစွာရှိ၏။သို့သော်သူ့ထက်ခွန်အားကြီးသူပေါ်လာ သောအခါ သူ့ကိုတိုက်ခိုက်အနိုင်ယူ၍သူအားထားသော လက်နက်တန်ဆာ တို့ကိုယူပြီးလျှင်သိမ်းဆည်းရမိသောပစ္စည်းတို့ကိုခွဲဝေယူလိမ့်မည်။ငါ့ဘက်၌ မရှိသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ငါနှင့်အတူ မစုသိမ်းသောသူသည်ကြဲဖြန့်သူဖြစ်၏။