၁၇. ၃. ၂၀၂၃ ( ဝါတွင်းတတိယအပတ် သောကြာနေ့)
ရှင်မာကု ၁၂း ၂၈ - ၃၄
ထောက်ရှုချက် By Sr. Camilla FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကျမ်းတတ်ဆရာတစ်ဦးသည်ရောက်လာ၍ ထိုသူတို့ နှင့် ကိုယ်တော်ဆွေးနွေးငြင်းခုံနေကြသည်ကိုကြားပြီးကိုယ်တော်သည် ထိုသူတို့အားကောင်းစွာဖြေကြားနိုင်သည် ကိုမြင်သဖြင့်ကိုယ်တော်အားပညတ်တော်အားလုံးတွင် မည်သည့်ပညတ်သည် အကြီးမြတ်ဆုံးဖြစ်ပါသနည်းဟုမေးလျှောက်လေ၏။ယေဇူးကလည်းအကြီးမြတ်ဆုံးသောပညတ်တော်သည်ကားအိုအစ္စရာအဲလ်လူမျိုး၊နားထောင်လော့။ငါတို့၏ဘုရားသခင်ဖြစ်သော ထာဝရဘုရားသခင်သည်တစ်ဆူတည်းသောဘုရားဖြစ်တော်မူ၏။ သင်၏ အရှင်ဘုရားသခင်ကိုသင်၏နှလုံးအကြွင်းမဲ့စိတ်အားရှိသမျှ၊ဉာဏ်အားရှိသမျှ၊ခွန်အားရှိသမျှချစ်လော့။ဒုတိယပညတ်သည်ကား ဤသို့လာ၏။သင်နှင့်နီးစပ်သောသူကိုသင့်ကိုယ်သင်ချစ်သကဲ့သို့ချစ်လော့။ဤပညတ်တို့ထက်သာ၍ကြီးမြတ်သောပညတ်မရှိဟူ၍သူ့အားဖြေကြားတော်မူ၏။ထိုအခါ ကျမ်းတတ်ဆရာကမှန်ပါ၏သခင်၊ဟုတ်မှန်သည့်အတိုင်း ကိုယ်တော်မိန့်တော်မူပါ၏။ဘုရားသခင် သည် တစ်ဆူတည်းဖြစ်တော်မူ ၍ ထာဝရဘုရားသခင်မှတစ်ပါးအခြားသောဘုရားမရှိပေ။ကိုယ်တော့်ကိုနှလုံးအကြွင်းမဲ့ဉာဏ်စွမ်းရှိသမျှ၊ခွန်အားရှိသမျှချစ်ခြင်းနှင့်မိမိနှင့်နီးစပ်သောသူကို မိမိကိုယ်ကိုချစ်သကဲ့သို့ ချစ်ခြင်းသည် မီးရှို့ပူဇော်သောယဇ်ကောင်များနှင့်ယဇ်ပူဇော်ခြင်း အပေါင်းတို့ထက်ပို၍မြတ်ပါသည်ဟုကိုယ်တော်အား လျှောက်လေ၏။ဤသူသည်ပညာသတိနှင့်ဖြေကြားသည်ကို ယေဇူးမြင်တော်မူသောအခါသင်သည်ဘုရားသခင်၏နိုင်ငံတော်နှင့် ဝေးလှသည်မဟုတ်ဟု သူ့အားမိန့်တော်မူ၏။ ထို့နောက်မည်သူမျှ ကိုယ်တော့်ကို မေးခွန်းမမေးဝံ့တော့ချေ။