၁၈. ၃. ၂၀၂၃ (ဝါတွင်း တတိယအပတ် စနေနေ့)
ရှင်လုကာ ၁၈း ၉ - ၁၄
ထောက်ရှုချက် By Sr. Agnese FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
စစ်မှန်သောဘုရားတရားရှိခြင်းဟာအပြင်ပန်းအမူအရာတစ်ခုသာမဟုတ်ဘဲမြင့်မြတ်တဲ့အတွင်းစိတ်ရဲ့သဘောထား စိတ်နေစိတ်ထားကနေစတင်ခြင်းဖြစ်တယ်။အတွင်းစိတ်မှဖြစ်ပေါ်လာသောဘုရားတရားသည်မိမိကိုယ်ကိုအရှိကိုအရှိတိုင်းသိမြင်လက်ခံပြီး ဘုရားသခင်ကို မိမိရဲ့ ဖန်ဆင်းရှင်၊ကယ်တင်ရှင်၊အလင်းရှင် မိမိတို့ရဲ့တစ်ဆူတည်းသောဘုရားအဖြစ်အရာအားလုံးထက် ဘုရားသခင်ကိုချစ်ပြီးမိမိနှင့်နီးစပ်သူကိုမိမိကိုယ်ကိုချစ်သကဲ့သို့ချစ်တတ်သော စိတ်ဓါတ်ရှိခြင်းဘဲဖြစ်ပါတယ်။ဒါကြောင့် ကျွန်ုပ်တို့တတွေ ဘုရားထံဆုတောင်းခြင်းပြုတိုင်းကျွန်ုပ်တို့ရဲ့နီးစပ်တဲ့သူတွေအပေါ်ရော ဘယ်လောက်မေတ္တာရှိလဲဆိုတာကို ထည့်သွင်းစဉ်းစားဖို့လည်းလိုအပ်ပါတယ်။