Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-03-18 06:07:38

၁၉. ၃. ၂၀၂၃ (ဝါတွင်း စတုတ္ထအပတ်တနင်္ဂနွေနေ့)
သံယောဟန် ၉း ၁-၄၁
ထောက်ရှုချက် By Sr. Elizabeth Sar Say Wah
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ယေဇူးက“သင်သည် ထိုသူကိုမြင်ခဲ့ပြီးလေပြီ။ယခုသင်နှင့်စကားပြောနေသောသူသည်ထိုသူပင်ဖြစ်၏”ဟုမိန့်တော်မူ၏။(၉း ၃၆ - ၃၇)သခင်ယေဇူးရဲ့သူ့ကိုယ်သူကိုဖော်ပြ ခြင်း၊ဘုရားရဲ့အဖြစ်တော်ကိုလူသားများကြုံတွေ့ခံစားရခြင်းလို့ သုံးသပ်ပါတယ်။လူသားတွေရဲ့ဘဝထဲဆင်းကြွလာခြင်းမှာ ဘုရားသခင်ရဲ့အတိုင်းမဲ့တဲ့ချစ်ခြင်း၊စိတ်ရှည်ခြင်း၊နားလည်ခွင့်လွတ်ခြင်းနှင့်အတူလွန်ကဲသော နှိမ့်ချခြင်းကို ပြသခဲ့ပါတယ်။ကျွန်ုပ်တို့တစ်ဦးစီက ဘယ်လိုအခြေအနေမှာဘဲရှိရှိဘုရားသခင်က ကယ်တင်ခြင်းကျေးဇူးတော်ကို ထိတွေ့ခံစားခွင့်ပေးသနားတော်မူတယ်ဆိုတာကို ဒီနေ့ နှုတ်တော်ထွက်စကားအားဖြင့်သက်သေပြနေပါတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကျေးဇူးတော်ကို အမြဲသတိမူပြီး လက်ခံကြိုဆိုကြရအောင်ပါ။

Daily Reflection