၂၁. ၃. ၂၀၂၃ (ဝါတွင်း စတုတ္ထအပတ် အင်္ဂါနေ့)
ရှင်ယောဟန် ၅း ၁-၃၊ ၅-၁၆
ထောက်ရှုချက် By Sr.Catherine Ciin FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီနေ့ကျမ်းစာထဲကကျွန်ုပ်တို့ခွန်အားယူရမည့်အချက်တွေကတော့သခင်ယေဇူးဟာဂျေရုဆလင်ကိုသွားပြီး ရောဂါသသည်လူနာများနှင့်မသန်စွမ်းသူတွေနေတဲ့ရေကန်ဆီကိုဦးတည်ပြီးလာခဲ့ပါတယ်။ဒီရေကန်ဟာရိုးရိုးရေကန်မဟုတ်ဘဲမကျန်းမမာတဲ့သူတွေရောဂါပျောက်ကင်းအောင်ကုသပေးနိုင်စွမ်းတဲ့ရေကန်ဖြစ်နေလို့ ဒီလူနာတွေဟာရေလှုပ်ရှားတဲ့အချိန်မှာကုသခံရဖို့စောင့်နေကြတာဖြစ်တယ်။သခင်ယေဇူးဟာနှစ်ပေါင်းသုံးဆယ်ရှစ်နှစ်လုံးလုံးဒုက္ခိတဘ၀နှင့်ကိုယ့်ဟာကိုယ်ဘာမှလုပ်နိုင်စွမ်းမရှိဘဲ တစ်စုံတစ်ယောက်ရဲ့အကူအညီကိုစောင့်နေရှာတဲ့ဒီလူနာဆီကိုရောက်လာပြီးသူကိုယ်တိုင်ပထမခြေလှမ်းကိုစတင်ခဲ့တယ်။ဒီလူနာ၏ယုံကြည်ခြင်းနှင့်ဖြောင့်မတ်မှန်ကန်မှုကြောင့်ကုသပေးတာမျိုးမဟုတ်ဘဲသူ့ရဲ့ကြီးမားသောသနားကြင်နာတတ်သောစိတ်နှင့်ဒီလူဆီကိုလာပြီးချဉ်းကပ်နေတာဖြစ်ပါတယ်။ဒီလိုဘဲဒီနေ့ကျွန်ုပ်တို့ကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခမျိုးစုံကိုလည်းသခင်ယေဇူးအားလုံးသိနေပါတယ်။ကိုယ့်ဟာကိုယ် ဘာမှမတတ်နိုင်တော့ဘူးလို့ထင်နေတဲ့အချိန်မှာအကူအညီမဲ့နေတဲ့ကျွန်ုပ်တို့ကိုပစ်ထားမှာမဟုတ်ပါဘူး။စိတ်ရှည်စွာနဲ့သူ့ရဲ့အချိန်ကိုစောင့်နိုင်ဖို့တော့လိုအပ်ပါတယ်။ကျွန်ုပ်တို့၏ အခက်အခဲများ၊ဝမ်းနဲမှုများဟာသူ့ရဲ့ဘုန်းဂုဏ်တော်ထင်ရှားစေဖို့အဖြစ်ပြောင်းလဲပေးမှာကိုယုံကြည်ပြီးခွန်အားယူသွားကြပါစို့။