၂၂. ၃. ၂၀၂၃ (တဝါတွင်း စတုတ္ထအပတ် ဗုဒ္ဓဟူးနေ့)
ရှင်ယောဟန် ၅း ၁၇ - ၃၀
ထောက်ရှုချက် By Sr. Teresa Koma FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“သားတော်ယေဇူးသည်ခမည်းတော်ြပုတော်မူသည်ကိုမြင်ရသလောက်သာသားတော်သည် ပြု၏။”သားတော်ယေဇူးဟာခမည်းတော်ဘုရားရဲ့ကိုယ်ပွားလေးဖြစ်တယ်။ခမည်းတော်ဘုရားကချစ်သလိုသားတော်ဘုရားလည်းချစ်တယ်။လူ့အသိုင်းအဝိုင်းရဲ့ပစ်ပယ်ခြင်းခံရတဲ့သူတွေကို သွားရောက်ပြုစုပေးခဲ့တယ်။အားနည်းတဲ့သူတွေစီကိုသွားရောက်အားပေးခဲ့တယ်။ဖျားနာတဲ့သူတွေကို ကုသပေးခဲ့တယ်။ခမည်းတော်ဘုရားရဲ့အလိုဆန္ဒအတိုင်းလုပ်ဆောင်ခဲ့တယ်။ထိုနည်းတူစွာဘုရားသခင်ရဲ့သားသမီးအဖြစ်ခေါ်တော်မူခြင်းခံရတဲ့ကျွန်ုပ်တို့တွေလည်းဘုရားသခင်ရဲ့ကိုယ်ပွားလေးများဖြစ်ကြတယ်။ဘုရားသခင်လုပ်ဆောင်ခဲ့တဲ့လုပ်ငန်းများကိုဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။တစ်ပါးသူအားချစ်ခြင်းမေတ္တာမျှဝေပေးခြင်း၊အားနည်းသူကိုအားပေးစကားပြောပေးခြင်း၊ဖျားနာသူတွေစီကိုအလည်အပတ်သွားခြင်းဖြင့်ခမည်းတော်ဘုရားနှင့်သားတော်ယေဇူးရဲ့ကိုယ်ပွားလေးများဖြစ်အောင်ကြိုးစားကြပါစို့။