၂၃. ၃. ၂၀၂၃ (ဝါတွင်း စတုတ္ထအပတ် ကြာသပတေးနေ့)
ရှင်ယောဟန် ၅း ၃၁ - ၄၇
ထောက်ရှုချက် By Sr. Ma Goretti, FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“ငါသည်လူတို့၏ချီးမွမ်းဂုဏ်ပြုခြင်းကိုမခံယူ’’“သင်တို့၌ဘုရားသခင်ကိုချစ်မြတ်နိုးစိတ်မရှိကြောင်းငါသိ၏“ယေဇူးသခင်သည်ဤစကားများကိုမိမိသာလျှင်မှန်သည်ဟူသောမာနနှင့်မိမိကိုယ်ကို ချစ်မြတ်နိုးမှုအပြည့်ရှိသောဂျူးအာဏာပိုင်၊အကြီးအကဲများအားမိန့်ဆိုခဲ့သည်။ယေဇူးသခင်သည်သူတို့၏စိတ်နှလုံးများကိုမြင်ပြီးနောက်သူတို့သည်ဘုရားကိုမသိ၊ဘုရားနှင့်ရင်းနှီးသောဆက်ဆံမှုမရှိသောကြောင့်၎င်းတို့သည်ဘုရားသခင်၏မေတ္တာတော်အောက်၌လုံခြုံမှုမရှိကြောင်းကိုသိတော်မူ၏။ထို့ကြောင့်ထိုသူတို့သည်ဘုရားသခင်ထက်လူသားများရဲ့နှစ်သက်လက်ခံမူကိုသာပိုမိုရှာဖွေခဲ့ကြသည်။ကျွန်ုပ်တို့ရဲ့ဘဝမှာလဲတစ်ခါတစ်ရံတစ်ပါးသူရဲ့အသိအမှတ်ပြုခြင်း၊ ချီးမွမ်းဂုဏ်ပြုခြင်းတွေကို လိုချင်ကြတယ်။လိုချင်လွန်းလို့ကျွန်ုပ်တို့ရဲ့လုပ်ဆောင်ချက်များနဲ့ကျွန်ုပ်တို့ရဲ့စကားများကိုတစ်ပါးသူကအသိအမှတ်ပြုချီးမွမ်းစေချင်ကြတယ်။ဒီလိုအများရဲ့အသိအမှတ်ပြုလက်ခံပေးခြင်း၊ချီးမွမ်းဂုဏ်ပြုပေးခြင်း၊ ချီးမွမ်းဂုဏ်ပြုခြင်းတွေကိုရှာဖွေခြင်းကကျွန်ုပ်တို့ကို လူအများနှစ်သက်သဘောကျစေပေမယ့်လူခြုံမူမရှိတဲ့အခြေအနေမှာရှိနေစေပါတယ်။ဘုရားသခင်ကကျွန်ုပ်တို့ကိုနက်နက်ရှိုင်းရှိုင်းနဲ့ အနှိုင်းမဲ့ ခြွင်းချက်မရှိ ချစ်နေတယ်ဆိုတာမေ့နေတတ်ကြတယ်။သူရဲ့လက်ခံမှုနဲ့ချစ်ခြင်းမေတ္တာကိုကျွန်ုပ်တို့ကို အခမဲ့ပေးနေတယ်။ကိုယ်တော်၌သာကျွန်ုပ်တို့ရဲ့လုံခြုံမှုကို ရရှိနိုင်မှာြဖစ်ပါတယ်။ဤဝါတွင်းကာလမှာကျွန်ုပ်တို့တတွေဘုရားရှင်ထံတစ်ဖန်ပြန်လာရင်းနှိမ့်ချစွာဖြင့်ကိုယ်တော်ရဲ့ချစ်ခြင်းကိုခံယူကြပါစို့။လူသားတွေရဲ့အသိအမှတ်ပြုလက်ခံမှုကိုရရှိနိုင်ရန်ကြိုးစားရှာဖွေခြင်းထက်ဘုရားရှင်ရဲ့အသိအမှတ်ပြုလက်ခံမှုကိုခံယူရင်းလွတ်လပ်လုံခြုံသောဘဝကိုရှင်သန်နိုင်ဖို့ ကြိုးစားကြပါစို့။