၂၄. ၃. ၂၀၂၃ (ဝါတွင်း စတုတ္ထအပတ် သောကြာနေ့)
ရှင်ယောဟန် ၇: ၁-၂၊ ၁၀၊ ၂၅-၃၀
ထောက်ရှုချက် By Sr. Nicolas FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သခင်ယေဇူးရဲ့ကြွလာခြင်းကဘုရားရှင်လူသားတွေအပေါ်မှာထားတဲ့ကြီးမားတဲ့မေတ္တာတရားကို ဖော်ပြဖို့သက်သက်ပါ။သူ့ရဲ့အလိုကိုလုပ်တာထက်ဘုရားရဲ့အလိုကိုလုပ်ဖို့ကအဓိကပါ။ဘယ်လောက်ပဲခက်ခဲနေပါစေသခင်ယေဇူးကသူရွေးချယ်ထားပြီးတဲ့ခရီးလမ်းကိုအဆုံးထိလျှောက်ဖို့ရွေးချယ်နေခဲ့တယ်။အဆုံးစွန်ထိလျှောက်ပြခဲ့တယ်။ကယ်တင်ခြင်းရတဲ့အထိသွားခဲ့တယ်။ကျွန်ုပ်တို့လည်းကိုယ့်ဘဝမှာဘယ်လောက်ပဲခက်ခဲတဲ့အခြေအနေကြုံရပါစေသခင်ယေဇူးဆီခွန်အားတောင်းပြီးသူ့လိုအဆုံးထိလျှောက်နိုင်ဖို့ကြိုးစားကြပါစို့လို့ခွန်အားပေးချင်ပါတယ်။