၂၅. ၃. ၂၀၂၃(စနေနေ့)အမိန့်ပြန်တော်မူခြင်းပွဲ
ရှင်လုကာ ၁း ၂၆ - ၃၈
ထောက်ရှုချက်By Sr. Agatha FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန်ကျွန်ုပ်ရောက်ရှိလာပါသည်။”ယနေ့ကျင်းပသောမယ်တော်သခင်မအားအမိန့်တော်ပြန်ခြင်းပွဲတွင်ကျွန်ုပ်တို့အားသွန်သင်ပြသောအမိမယ်တော်၏ပါရမီမှာဘုရားသခင်၏အလိုတော်ကိုကြားရပြီးစိတ်ရောကိုယ်ပါ လုပ်ဆောင်ခြင်းဖြစ်သည်၊မယ်တော်သခင်မသည်တမန်တော်ဂါဗြီအဲလ်၏အမိန့်တော်ကိုကြားရသောအခါစိတ်တွင် နားမလည်မှု၊ရှုပ်ထွေးမှု၊ကြောက်ရွှံမှု၊တွေဝေမှုများကိုတစ်ဆင့်ချင်းခံစားရင်ဆိုင်ရသော်လည်း“ဂုဏ်ကျေးဇူးအပေါင်းနှင့်ပြည့်စုံသောသခင်မ၊ဘုရားသခင်သည်သင်နှင့်အတူရှိတော်မူသည်“ လုကာ ၁း၂၈ )ဟူသောထူးခြားသောကျေးဇူးတော်ကြောင့်၊ဘုရားသခင်နောက်လိုက်ပြီးအမှုတော်ကိုဆောင်ရွက်ရန်အင်အားများ၊ယုံကြည်ခြင်းများဖြင့်အမိန့်တော်ကိုလိုက်ခံခဲ့သည်။သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏လွှမ်းမိုးခြင်းကြောင့်“ကျွန်ုပ်သည်၊ထာဝရဘုရား၏ကျွန်မဖြစ်ပါသည်၊ကိုယ်တော်၏ စကားအတိုင်း၊ကျွန်ုပ်၌ဖြစ်ပါ၏။”