Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-03-25 09:59:15

၂၆. ၃. ၂၀၂၃  ဝါတွင်းပဉ္စမတနင်္ဂနွေနေ့
ရှင်ယောဟန် ၁၁း ၁ - ၄၅
ထောက်ရှုချက် By Sr. Agatha FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သခင်၊ကိုယ်တော်ရှိတော်မူပါလျှင်၊ကျွန်မ၏မောင်မသေပါ၊ယခုသေလျက်ရှိသော်လည်းကိုယ်တော်ဆုတောင်းတော်မူသမျှအတိုင်းဘုရားသခင်ပေးတော်မူမညကိုကျွန်မသိပါသည်ဟုမာသားလျှောက်လေ၏။ယေဇူးကလည်း ငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏၊ငါကိုယုံကြည်သောသူသည် သေလွန်သောလည်းရှင်လိမ့်မည်၊ ငါ့ကိုယုံကြည်၍အသက်ရှင်သောသူသမျှတို့သည်လည်းသေခြင်းနဲ့အစဉ်မပြတ်ကင်းလွှတ်လိမ့်မည်၊မာသား၏မောင်လာဇရု၏သေဆုံးခြင်းသည်ဘေသနီရွာမှလူများအတွက်သခင်ခရစ်တော်၏ဘုန်းဂုဏ်တော်ကိုမြင်တွေ့ရန်အခွင့်အရေးများဖြစ်လာခဲ့သည်၊မာသားသည်သူ၏မောင်သေဆုံးခြင်းကြောင့်ဝမ်းနည်းခြင်းရှိသော်လည်းသခင်ခရစ်တော်၌ယုံကြည်ခြင်းသည်ထိုဝမ်းနည်းခြင်းကိုကျော်လွန်စေသည်ကျွန်ုပ်တို့ကြုံတွေ့ ရသောဝမ်းနည်းကြေကွဲခြင်းများ၌သခင်ခရစ်တော်အပေါ်ထားသောယုံကြည်ခြင်းကိုပျက်ပြယ်စေသလားသခင်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်း(အပြစ်၏ဆိုးကျိုးမှုများချေမုန်းခံရခြင်း)အသက်လည်းဖြစ်ခြင်း(လောက၏ဆိုးကျိုး များကြားထဲကပင်ဆက်လက်ရှင်သန်နေခြင်း)ထာဝရအသက်တည်းဟူသော(လက်ရှိလောကအသက်တာကိုကျော်လွန်ခြင်း)သခင်ခရစ်တော်ကတိထားတော်မူသောအရာများကိုအာရုံပြုလျှက်လက်ရှိလောကအသက်တာ၌နေ့စဉ်ယုံကြည်ခြင်းတရားဖြင့်နေထိုင်နိုင်ရန်ကြိုးစားကြပါစို့။(ယောဟန် ၁၁း၂၆-ငါ့စကားကိုယုံသလောဟုမေးလျှင်မာသားက“ယုံပါ၏သခင်”ဟုလျှောက်လေ၏။

 

Daily Reflection