Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-03-26 10:59:09

၂၇. ၃. ၂၀၂၃ (ဝါတွင်းပဉ္စမ အပတ်တနင်္လာနေ့)
ရှင်ယောဟန် ၈း ၁ - ၁၁
ထောက်ရှုချက် By Sr. Agatha FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ယနေ့ကျမ်းစာတော်၌ကျမ်းပြုဆရာတို့သည်မှားယွင်းခြင်းပြုသောအမျိုးသမီးကိုသခင်ခရစ်တော်ထံခေါ်လာခြင်းမှာ၊ထိုအမျိုးသမီးအားအကျင့်တရားပြောင်းလဲစေချင်၍ ကိုယ်တော်၏တရားတော်ကိုနာယူပြီးဆုံးမရန်ခေါ်လာခြင်းမဟုတ်ပဲ၊သခင်ခရစ်တော်အားလူအများရှေ့တွင်မေးခွန်းများမေးပြီးအကြပ်အတည်းတွေ့ရန်ဖန်တီးခြင်းဖြစ်သည်။သင်၏အမူကိုအဘယ်သူမျှမစီရင်သလောဟုမေးတော်မူလျှင်ထိုမိန်းမကလည်း၊အဘယ်သူမျှမစီရင်ပါသခင်ဟုလျှောက်၏၊ ငါသည်လည်းသင်၏ အမှုကိုမစီရင်၊သွားလော့၊နောက်တဖန်ဒုစရိုက်မပြုနှင့်ဟုမိန့်တော်မူ၏။(ယောဟန် ၈း၁၀-၁၁ )ကျမ်းပြုဆရာတို့သည်သခင်ခရစ်တော်ကိုအရှက်ခွဲရန်ကြိုးစားသော်လည်း ထိုအဖြစ်သို့မရောက်ပဲ ကိုယ်တော်၏စစ်မှန်သော ကရုဏာတော်သည် အပြစ်သည်အမျိုးသမီးအားအပြစ်၏ကျေးကျွန်အဖြစ်မှကျွတ်လွှတ်စေရန်ကျေးဇူးတော်ကိုပြသသောအခွင့်အရေးဖြစ်လာလေသည်ဘုရားသခင်၏သားတော်နှင့်ဆုံတွေ့မှသာကျွန်ုပ်တို့သည် အပြစ်၏ကျွန်အဖြစ်မှလွှတ်မြောက်နိုင်လေသည် ။

 

Daily Reflection