Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-03-27 06:26:01

၂၈. ၃.  ၂၀၂၃ (ဝါတွင်းပဉ္စမအပတ် အင်္ဂါနေ့)
ကျမ်းချက်။      ။ ရှင်ယောဟန် ၈း၂၁-၃၀
ထောက်ရှုချက် By Sr. Catharina Bawi FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)

 

ငါသည် မိမိ၏အလိုဆန္ဒအလျောက် မည်သည့်အမှုကိုမျှမပြုဘဲငါ့အားခမည်းတော်သွန်သင်တော်မူသည့်အတိုင်းငါဟောပြောကြောင်း၊ငါ့ကို စေလွှတ်တော်မူသည်ငါနှင့်အတူရှိတော်မူပြီးသူသည် ငါ့ကိုတစ်ဦးတည်း စွန့်ပစ်တော်မမူ။အကြောင်းမူကား ငါသည်ကိုယ်တော်နှစ်သက်တော်မူသောအမှုကို အစဉ်အမြဲလုပ်ဆောင်သောကြောင့်ဖြစ်သည်။”ဤကျမ်းချက်ကို ထောက်ရှုခြင်းအားဖြင့်ကျွန်ုပ်တို့၏နေ့စဉ်သက်တာမှာသခင်ခရစ်တော်ကဲ့သို့ မိမိတို့ရဲ့အလိုဆန္ဒများကိုရှေ့တန်းမတင်ဘဲဘုရားရှင်ရဲ့နှုတ်ကပတ်တော်အတိုင်းကျင့်ကြံနေထိုင်ခြင်းဖြင့်ဘုရားရှင်သည်ကျွန်ုပ်တို့နှင့်အတူအစဉ်အမြဲတည်ရှိပြီး ဘယ်သောအခါမှစွန့်ပစ်မထားမည်မဟုတ်ဆိုတာကိုသခင်ခရစ်တော်က သင်ပေးနေပါတယ်။အရာရာတိုင်း၌ ကိုယ်တော်ရှင်ရဲ့အလိုတော်ကို ဦးထိပ်ထားသူများဖြစ်နိုင်ရန်ကြိုးစားရင်း ကျေးဇူးတော်တောင်းခံသွားကြပါစို့။

 

 

Daily Reflection