Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-03-29 08:58:27

၃၀.၃.၂၀၂၃( ဝါတွင်းပဉ္စမအပတ် ကြာသပတေးနေ့)
Jn.8:51-59
ထောက်ရှုချက် By Sr. Margaret, FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ယေဇူးကလည်း သင်တို့အားငါဧကန်အမှန်ဆိုသည်ကား အာဗြာဟံ မမွေးဖွားမီကပင် ငါရှိနှင့်ပြီဟုသူတို့အားမိန့်တော်မူ၏။ရှင်ယောဟန် ၈း၅၈  ဒီစကားကြားသောအခါ ဂျူးလူမျိုးတို့တတွေက ကိုယ်တော်ကိုမယုံကြည်ကြတာကြောင့် ခဲနှင့်ပစ်သတ်ကြဖို့ ပြင်ဆင်ခဲ့ကြတယ်။တခါတရံကျွန်ုပ်တို့နေထိုင်တဲ့ လူ့အသိုင်းအဝိုင်းမှာ တစ်ပါးသူရဲ့မယုံကြည်တာ အထင်သေးတာမျိုး ကျွန်ုပ်တို့ကိုယ်တိုင်လည်း ကြုံရတဲ့အခါမှာ ဘယ်လောက်ခံစားရခက်သလဲ။ဒေါသတွေက မီးတောက်လိုတစ်မျိုး တစ်ဖက်မှာလည်းမခံချင်စိတ်တွေပြင်းထန် သိမ်ငယ်သလိုအားငယ်စိတ်တွေ အမျိုးမျိုး အဖုံဖုံပေါ့။ခရစ်တော်က သူဘုရားဖြစ်လျက်နဲ့ သူဖန်ဆင်းထားတဲ့ ရဟန်းအကြီးအကဲ ဂျူးသက်ကြီးတွေရဲ့ ယုံကြည်မှုကို မခံခဲ့ရဘူး။သခင်ခရစ်တော်ဘယ်လောက်စိတ်ထိခိုက်မလဲ။ ကျွန်ုပ်တို့လည်း သခင်ခရစ်တော်ကိုထိခိုက်စေသူတွေလား။ဒီကနေ့ ကျမ်းစာတော်ြမတ်မှာ သခင်ယေဇူးကသူ့ရဲ့အဖြစ်တော်အကြောင်းကို ပြောပြနေတာကို ဂျူးလူမျိူးတွေက လူသားဆိုတဲ့ အသိအမြင်ထဲကမကျော်လွန်နိုင်ဘူး။ဘုရားက ဘုရားစကားပြောပါတယ်။နက်ရှိုင်းတယ်။မိမိနားမလည်တာနဲ့ဘဲ ဘုရားကိုမယုံကြည်ထိုက်သူ အဖြစ်ပြုမူမည့်အစား ဘုရားရှင်ကိုပို၍ယုံကြည်နိုင်ဖို့ ဆိတ်ငြိမ်စွာဖြင့် ကျမ်းစာတော်မြတ်ကိုလေ့လာကြရအောင်။ ကိုယ်တော်မြတ်ဆီလည်း မကြာခဏ အလည်သွားကြပါစို့။

 

Daily Reflection