ဧပြီလ (၁) ရက်၊ ၂၀၂၃ - ဝါတွင်းပဉ္စမပတ် စနေနေ့(ခရမ်းရောင်)
ပထမကျမ်း။ ။ ယေဇကျေလ ၃၇း၂၁-၂၈
ဧဝံဂေလိကျမ်း ။ ။ ယောဟန် ၁၁း ၄၅-၅၆
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin New(ISR)
ထို့ကြောင့်မာရိယာနှင့်အတူ လိုက်လာခဲ့ကြသော ဂျူးလူမျိုးတို့သည် ကိုယ်တော်ပြုတော်မူသောအမှုအရာတို့ကိုမြင်၍ ကိုယ့်တော်ကိုယုံကြည်ကြ၏။သို့သော် ထိုသူတို့ထဲမှအချို့တို့သည်ဖာရီဇေးဦးတို့ထံသို့သွား၍ ယေဇူးပြုလုပ်တော်မူခဲ့သောအမူအရာများကိုပြောပြကြ၏။သို့ဖြစ်၍ ရဟန်းအကြီးအကဲများနှင့်ဖာရီဇေးဦးတို့သည် လွှတ်တော်အစည်းအဝေးခေါ်လျက်ဆွေးနွေးကြသည်ကား အကျွန်ုပ်တို့မည်သို့ ပြုကြရမည်နည်း။အကြောင်းမူကား ဤသူသည်များစွာသောအံ့ဖွယ်နိမိတ်လက္ခဏာများကို ပြ၏။အကျွန်ုပ်တို့သည်သူ့ကို ယခုအတိုင်းဆက်လက်ခွင့်ပြုထားပါလျှင်လူတိုင်းသည်သူ့ကို ယုံကြည်လာကြလိမ့်မည်။ထိုအခါရောမလူမျိုးတို့သည်လာ၍ အကျွန်ုပ်တို့၏သန့်ရှင်းရာဌာနနှင့်တကွ အကျွန်ုပ်တို့လူမျိုးတစ်မျိုးလုံးကိုဖျက်ဆီးကြလိမ့်မည်ဟု ပြောဆိုကြ၏။သို့ရာတွင် သူတို့၌တစ်ဦးအပါအဝင်ဖြစ်ပြီး၊ထိုနှစ်အတွက် ရဟန်းအကြီးအကဲဖြစ်သောကာအိဖက သင်တို့သည်မည်သည့်အရာကိုမျှ မသိကြပါတကား။လူမျိုးတစ်မျိုးလုံး မပျက်စီးစေရန်အများအတွက်လူတစ်ယောက်သေခြင်းသည် သင်တို့အတွက် သာ၍ကောင်းသည်ကို သင်တို့ နားမလည်ကြ ဟုသူတို့အား ပြောဆိုလေ၏။ ဤသို့ဆိုရာတွင် ကာအိဖသည် မိမိ၏အလိုဆန္ဒအလျောက် ပြောဆို ခြင်း မဟုတ်ချေ။ သူသည် ထိုနှစ်အတွက် ရဟန်းအကြီးအကဲဖြစ်သည့်အလျောက် ယေဇူးသည်လူမျိုးတစ်ခုလုံးအတွက်အသက်သေခံရမည့်အကြောင်းနှင့် ကိုယ်တော်သည်လူမျိုးစုတစ်စုတည်းအတွက်သာမက၊တိုင်းတစ်ပါးအတွက်ပျံ့နှံ့နေသော ဘုရားသခင်၏ သားသမီးများကို တစ်လုံးတစ်ဝတည်း စုစည်းမည့်အကြောင်းတို့ကိုပရောဖက်ဉာဏ်ဖြင့်ဟောခဲ့ခြင်းဖြစ်၏။သို့ဖြစ်၍ ထို့နေ့မှစပြီးသူတို့ သည် ကိုယ်တော်အားသတ်ရန်ဆွေးနွေးတိုင်ပင်ကြ၏။ထို့ကြောင့်ယေဇူးသည် ဂျူးလူမျိုးတို့အကြားတွင်ထင်ထင်ရှားရှားသွားလာခြင်း မပြုတော့ဘဲထိုနေရာမှနေ၍တောကန္တာရအနီးရှိ ဧဖရိမ်ဟုခေါ်သောမြို့သို့ ကြွသွားပြီးထိုအရပ်တွင်တပည့်တော်တို့နှင့်အတူ နေတော်မူ၏။ထိုအခါဂျူးလူမျိုးတို့၏ပါစကားပွဲတော်သည် နီးကပ်လာပြီဖြစ်၍ များစွာသော ဂျူးလူမျိုးတို့သည် ပါစကားပွဲမိမိတို့ကိုယ်ကို သန့်စင်စေခြင်းငှါ အနယ်နယ်အရပ်ရပ်မှဂျေရုဆလင်မြို့သို့ သွားကြလေ၏။ထို့နောက် သူတို့သည် ယေဇူးကိုရှာကြလေ၏။သူတို့သည် ဗိမာန်တော်အတွင်း၌ရပ်လျက်ရှိနေစဥ်အချင်းချင်း မေးမြန်း၍ သင်တို့မည်သို့ထင်ကြသနည်း။ဤသူသည်ပွဲတော်သို့မလာဘဲနေမည်လောဟုပြောဆိုနေကြ၏။ထောက်ရှုချက်ရောမလူမျိုးတို့သည်သခင်ယေဇူးကို ဂျူးများကို ဦးဆောင်ပြီး သူတို့ကို သုတ်သင်ရှင်းလင်းမည်ဟုယူဆသောကြောင့် အာဏာပိုင်တို့သည်သခင်ယေဇူးကိုသတ်ရန်ဆုံးဖြတ်ခဲ့ကြသည်။သခင်ယေဇူးသည် နိုင်ငံရေးခေါင်းဆောင်တစ်ဦး မဟုတ်ပါ။နိုင်ငံရေးကိုဦးဆောင်ရန်အတွက်ရည်ရွယ်ချက်မရှိပါ။ရဟန်းအကြီးအကဲဖြစ်သောကာအိဖကလူအုပ်အပေါ်ကိုယ်တော်၏သြဇာလွှမ်းမိုးမှုကို မနာလို၍သူ၏ဘာသာရေးနှင့်ပတ်သက်သော အာဏာခြိမ်းခြောက်လာသောကြောင့်သခင်ယေဇူးကို ရဟန်းအကြီးအကဲများက သတ်ချင်ကြသည်။သူတစ်ပါးကို မနာလိုခြင်းသည် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။မြင့်မြတ်သောဘုရားသခင်၏ အလင်းတော်ကိုအမှောင်အဖြစ်မှတ်ယူစေသည်။သူတစ်ပါးကို မနာလိုမှုကျွန်ုပ်၏နှလုံး၌ ရှိပါသလား။