Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-04-02 09:11:24

၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက် သန့်ရှင်းသော ရက်သတ္တပတ် တနင်္လာနေ့ (ခရမ်းရောင်)
ပထမကျမ်း      ။     ။ ဟေရှာယ ၄၂း၁-၇
ဧဝံ‌ဂေလိကျမ်း  ။      ။ ယောဟန် ၁၂း၁-၁၁
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR) 

ပါစကားပွဲတော်မတိုင်မီခြောက်ရက်အလိုတွင်ယေဇူးသည် လာဇရုရှိရာဘက်သနီရှာသို့ကြွလာတော်မူ၏။လာဇရုသည်ကားသေရာမှယေဇူးပြန်ရှင်စေတော်မူခဲ့သောသူဖြစ်၏။ထိုရွာတွင်သူတို့သည်ကိုယ်တော်ကိုညစာဖြင့်တည်ခင်းဧည့်ခံကြရာမာဿက ဧည့်ဝတ်ပြု၍လာဇရုမှာမူ ကိုယ်တော်နှင့်အတူစားပွဲ၌ထိုင်သူတို့အနက်တစ်ဦးအပါအဝင်ဖြစ်၏။မာရိယာသည်ကား အလွန်အဖိုးထိုက်တန်သောနာဒုဆီမွှေးစစ်စစ်တစ်ပေါင်ကိုယူ၍ယေဇူး၏ခြေတို့ကို လိမ်းကျံပေးပြီးနောက်၎င်းတို့ကိုမိမိ၏ဆံပင်နှင့်သုတ်လေ၏။ဆီ‌မွှေး၏မွှေးကြိုင်သောရနံ့သည်လည်းတစ်အိမ်လုံး၌ သင်းပျံ့လျက်ရှိ၏။တပည့်တော်တို့တွင်တစ်ဦးအပါအဝင်ဖြစ်ပြီး၊ကိုယ်တော့်ကိုအပ်နှံမည့်သူဖြစ်သောဂျူဒအစ္စကာရီယုဒ်ကမူ၊အဘယ်ကြောင့်ဤဆီမွှေးကိုဒေနာရီသုံးရာဖြင့်ရောင်းချပြီးဆင်းရဲ သားတို့အားမစွန့်ကြဲသနည်းဟုဆိုလေ၏။ဤသို့သူဆိုခြင်းမှာ သူသည်ဆင်းရဲသားတို့အားစာနာထောက်ထားခြင်းကြောင့်မဟုတ်ဘဲသူခိုးတစ်ယောက်ဖြစ်သောကြောင့်တည်း။သူသည်ငွေအိတ်ကိုင်သောသူဖြစ်ပြီး၊ထိုအိတ်၌ထည့်ထားသောငွေကို ယူ၍ သုံးစွဲလေ့ရှိ၏။ယေဇူးကလည်း သူမအလိုရှိသည့်အတိုင်းပြုပါစေ။ငါ့ကိုသင်္ဂြိုဟ်ရမည့်နေ့အတွက် သူမသည်ဤအမှုကိုပြုပါစေ။ဆင်းရဲသားတို့သည် သင်တို့နှင့်အစဉ်ရှိကြ၏။ငါမူကားသင်တို့နှင့်အစဉ်ရှိလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။ထိုအရပ်၌ ကိုယ် တော်ရှိတော်မူကြောင်းကိုများစွာသော ဂျူးလူမျိုးအစုအ‌ဝေးတို့ကြားသိကြသောအခါ သူတို့သည်ယေဇူးကို တွေ့ရန်အတွက်သာမဟုတ်၊သေရာမှ ကိုယ်တော်ပြန်ရှင် စေခဲ့သောလာဇရုကိုလည်းတွေ့ရန်လာကြ၏။ထို့ကြောင့် ရဟန်းအကြီးအကဲတို့သည် လာဇရုကိုလည်းသတ်ရန်ကြံစည်ကြလေ၏။အဘယ်ကြောင့်ဆိုသော် များစွာသောဂျူးလူမျိုးတို့သည် လာဇရုကိုအကြောင်းပြု၍သူတို့ထံမှ ထွက်သွားကြပြီးယေဇူးကိုယုံကြည်ကြသောကြောင့်ဖြစ်၏။*ထောက်ရှုချက်* အပေါ်ယံကိုသာလျင်ကြည့်လျှင်ဂျူဒသည်ဆင်းရဲသားများကိုဂရုစိုက်ဟန်တူသည်။အမှန်တကယ်မှာသူသည်အခွင့်အရေးများစွာရယူလိုသူဖြစ်သည်။ချစ်ခြင်းမေတ္တာတွင်အပေးအယူမရှိပါ။ကိုယ့်အတွက်ဘာပြန်ရမလဲဟုမစဉ်းစားဘဲဘဝတစ်ခုလုံးကိုလုံးလုံးလျားလျား အပ်နှံခြင်းကိုဆိုလို သည်။ချစ်ခြင်းမေတ္တာသည် တစ်ဘက်သား၏ပြန်လည်တုန့်ပြန်မှုကိုမမျှော်လင့်ပါ။နေ့စဉ်ဘဝတွင်မည်သည့်လုပ်ငန်းကိုဆောင်ရွက်စေကာမူသင်၏နှလုံးသားနှင့်ခွန်အားကိုထည့်ပြီးစေတနာပါပါလုပ်ဆောင်မှသာလျှင်သင်၏အကြီးမားဆုံးသောအချစ်ကို ပေးဆပ်ခြင်းဖြစ်သည်။

Daily Reflection