Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-04-04 04:57:36

၂၀၂၃ခုနှစ်၊ ဧပြီလ (၅) ရက် သန့်ရှင်းသော ရက်သတ္တပတ် ဗုဒ္ဓဟူးနေ့၊ခရမ်းရောင်
ပထမကျမ်း - ဟေရှာယ ၅၀း၄-၉
ဧဝံ‌ဂေလိကျမ်း - ယောဟန် ၂၆း ၁၄-၂၅
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)  

ထိုအခါ တစ်ဆယ့်နှစ်ပါးထဲမှတစ်ဦးဖြစ်သောဂျူဒအစ္စကာရီယုဒ်သည် ရဟန်းအကြီးအကဲများထံသို့သွား၍၊ထိုသူကိုသင်တို့လက်သို့ အကျွန်ုပ်အပ်ပေးလျှင်သင်တို့သည် အကျွန်ုပ်အားမည်သည့်အရာကိုပေးမည်နည်းဟုဆိုသော်သူတို့သည်သူ့အားငွေဒင်္ဂါးသုံးဆယ်ပေးလိုက်ကြ၏။ထိုအချိန်မှစ၍ သူသည်လည်းကိုယ်တော့်ကိုအပ်နှံခြင်းငှါအခွင့်ကောင်းကိုရှာကြံလျက်နေ၏။တဆေးမပါသောပေါင်မုန့်ပွဲတော်၏ပထမနေ့၌တပည့်တော်တို့သည်ယေဇူးထံတော်သို့ချဉ်းကပ်ကြပြီးလျှင်၊ကိုယ်တော်သည်ပါစကားပွဲညစာကိုသုံးဆောင်ရန်တပည့်တော်တို့ကိုမည်သည့်နေရာတွင်ပြင်ဆင်စေလိုသနည်းဟုမေးလျှောက်ကြ၏။ကိုယ်တော်ကလည်းမြို့ထဲရှိ ဤမည်သောသူထံသို့သွားကြ၍ ဆရာသခင်မှာလိုက်သည်ကားငါ၏အချိန်နီးပြီ၊ငါ၏တပည့်တော်တို့နှင့်အတူသင် ၏အိမ်၌ ပါစကားပွဲကိုကျင်းပမည်ဟူ၍ သူ့အားပြောကြားကြလော့ဟုမိန့်တော်မူ၏။ထိုအခါတပည့်တော်တို့သည် မိမိတို့အားယေဇူးမိန့်မှာတော်မူသည့်အတိုင်းပြုလုပ်ကြ၍ပါစကားပွဲကိုကျင်းပရန်ပြင်ဆင်ကြလေ၏။ညနေအချိန်ရောက်သောအခါ ကိုယ် တော်သည် တပည့်တော်တို့တစ်ဆယ့်နှစ်ပါးတို့နှင့်အတူစားပွဲ၌ထိုင်တော်မူ၏။ထို့နောက်သူတို့သည် ညစာစားလျက်နေကြစဉ်၊ယေဇူးက သင်တို့အားငါအမှန်ဆိုသည်ကားသင်တို့ထဲမှတစ်ဦးသည်ငါ့ကိုသစ္စာဖောက်လိမ့်မည်ဟုမိန့်တော်မူ၏။ထိုအခါ သူတို့သည်အလွန်ပင်ဝမ်းနည်းကြသဖြင့် သခင်တပည့်တော်ဖြစ်သလောဟုအသီးသီးမေးလျှောက်ကြ၏။ကိုယ်တော်ကလည်း ငါနှင့်အတူပန်းကန်တွင်လက်နှိုက်သောသူသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်။လူသားသည်မိမိနှင့်ပတ်သက်၍ကျမ်းစားတော်မြတ် ၌ရေးသားထားသည့်အတိုင်း သွားရသည်မှန်၏။သို့သော် လူသားအပေါ်၌သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ထိုသူသည်မွေးဖွားခြင်းမခံခဲ့ရလျှင်သာ၍ကောင်း၏ဟုမိန့်တော်မူ၏။ကိုယ်တော်ကို သစ္စာဖောက်သောဂျူဒကလည်း၊သခင်ဘုရား၊  တပည့်တော်ဖြစ်သလောဟုမေးလျှောက်လျှင်ကိုယ်တော်က သူ့အားသင်ဆို လေပြီဟုမိန့်တော်မူ၏။ထောက်ရှုချက်*သခင်ယေဇူးနောက်တော်သို့လိုက်သောတပည့်တော်ကြီးဂျူဒ၏ရည်ရွယ်ချက်သည်မသန့်ရှင်းပေ။သူနေရာရချင်သည်။အာဏာရချင်သည်။ဂျူဒသည်သခင်ယေဇူးကို ခုတုံးလုပ်၍ အိတ်ဖောင်းရန်အတွက်ကြိုးစားခဲ့သည်။သခင်ယေဇူးသူ့အပေါ်ထားသောမေတ္တာ၊စေတနာ၊ခင်မင်မှု၊ယုံကြည်မှုကိုအသုံးပြု၍ ကိုယ်တော်ကိုရောင်းစားခဲ့သည်။ကျွန်တော်ကျွန်မတို့အနေဖြင့်သခင်ယေဇူး၏ ကျေးဇူးတော်ကိုတန်ဖိုးထားတတ်ကြသလောသို့မဟုတ်ကျေးဇူးတော်ကို ဖြုန်းတီးနေကြသလော။

Daily Reflection