၂၀၂၃ခုနှစ်၊ ဧပြီလ (၆) ရက်၊သန့်ရှင်းသော ရက်သတ္တပတ်ကြာသပတေးနေ့ကြီး၊အဖြူရောင်
ပထမကျမ်း*ထွက်မြောက် ၁၂း၁-၈၊ ၁၁-၁၄
ဒုတိယကျမ်း*၁ ကော် ၁၁း ၂၃-၂၆
ဧဝံဂေလိကျမ်း* ယောဟန် ၁၃း ၁-၁၅
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ပါစကားပွဲတော်မတိုင်မီယေဇူးသည် ဤကမ္ဘာလောကမှထွက်ခွာ၍ ခမည်းတော်ထံသို့ ကြွသွားရမည်ဖြစ်သောမိမိ၏အချိန်နာရီကျရောက်လာကြောင်းကိုသိတော်မူသောအခါ၊ဤလောကရှိမိမိ၏တပည့်များကိုချစ်တော်မူသည့်အလျောက်သူတို့အား အဆုံးတိုင်အောင်ချစ်တော်မူ၏။ညစာစားပွဲအချိန်၌နတ်ဆိုးသည်ကိုယ်တော့်ကိုအပ်နှံမည့်အကြံအစည်ကိုစီမွန်၏သားဂျူဒအစ္စကာရီယုဒ်၏စိတ်နှလုံး၌ထည့်သွင်းထားပြဖြစ်၏။ခမည်းတော်သည်မိမိ၏လက်ထဲသို့ခပ်သိမ်းသောအရာတို့ကိုပေးအပ်ထားတော်မူသည်ကိုလည်းကောင်း၊မိမိသည်ဘုရားသခင်ထံမှကြွလာ၍ဘုရားသခင်ထံသို့ပြန်သွားမည်ကိုလည်းကောင်းယေဇူးသိတော်မူပြီးဖြစ်၏။သို့ဖြစ်၍ ကိုယ်တော်သည် ညစာစားပွဲမှထ၍ဝတ်ရုံကိုချွတ်ပြီးလျှင်ပုဝါကိုယူ၍ခါးတွင်စည်းတော်မူ၏။ထို့ နောက် ကိုယ်တော်သည် ဇလုံတစ်ခုတွင်ရေထည့်၍ တပည့်တော်တို့၏ခြေတို့ကိုဆေးပြီးလျှင်ခါးတွင်စည်းထားသောပုဝါဖြင့်သုတ်တော်မူ၏။ကိုယ်တော်သည် စီမွန်ပေတရုထံသို့ရောက်သောအခါ ပေတရုကသခင်ဘုရား၊ကိုယ်တော်သည် တပည့် တော်၏ခြေတို့ကိုဆေးတော်မူမည်လောဟုမေးလျှောက်လေ၏။ယေဇူးကငါပြုသောအမှုကိုယခုအချိန်တွင်သင်နားမလည်သော်လည်းနောင်တွင်သင်နားလည်လာလိမ့်မည်ဟုဖြေကြားတော်မူ၏။ပေတရုကကိုယ်တော်သည်တပည့်တော်၏ခြေတို့ကို မည်သည့်အခါမျှ မဆေးရပါဟု လျှောက်လေ၏။ယေဇူးကလည်းသင်၏ခြေကိုငါမဆေးရလျှင်သင်သည်ငါနှင့်မသက်ဆိုင်တော့ပြီဟုမိန့်တော်မူ၏ထိုအခါ စီမွန်ပေတရုကသခင်ဘုရား၊တပည့်တော်၏ခြေကို သာမဟုတ်တပည့်တော်၏လက်နှင့် ဦးခေါင်းကိုလည်းဆေးတော်မူပါဟုကိုယ်တော်အားလျှောက်လေ၏။ယေဇူးက ရေချိုးပြီးသောသူသည်တစ်ကိုယ်လုံး စင်ကြယ်သည်ဖြစ်၍ သူ၏ခြေတို့မှတစ်ပါးအခြားနေရာတို့ကိုဆေးကြောသန့်စင်ရန်မလိုအပ်ပေ။သင်တို့သည်လည်းစင်ကြယ်ကြ၏။သို့ရာတွင် သင်တို့အားလုံးစင်ကြယ်သည်မဟုတ်ဟုသူ့အားမိန့်တော်မူ၏။အကြောင်းမူကားကိုယ်တော်သည်မိမိကိုအပ်နှံမည့်သူမှာမည်သူဖြစ်ကြောင်းသိတော်မူသောကြောင့်ဖြစ်၏။ထို့ကြောင့်ပင်သင်တို့အားလုံးစင်ကြယ်ကြသည်မဟုတ်ဟုကိုယ်တော်မိန့်တော်မူခြင်းဖြစ်၏။ကိုယ်တော်သည်သူတို့၏ခြေကိုဆေးပြီးသောအခါ မိမိ၏ဝတ်ရုံတော်ကိုဝတ်ဆင်ပြီးလျှင် မိမိနေရာတွင်ပြန်ထိုင်၍ သူတို့အားမိန့်တော်မူသည်ကား၊သင်တို့၌ငါပြုခဲ့သည့်အမှုကိုသင်တို့သိကြ သလော၊သင်တို့သည်ငါ့ကိုဆရာဟူ၍ လည်းကောင်း၊သခင်ဟူ၍လည်းကောင်းခေါ်ကြ၏။ငါသည်လည်းထိုသို့ဖြစ်သောကြောင့် သင်တို့ဆိုသည်မှာမှန်ပေ၏။သို့ဖြစ်၍ သင်တို့၏သခင်နှင့်ဆရာဖြစ်သော ငါသည်သင်တို့၏ခြေများကိုဆေးလျှင်သင်တို့သည်လည်း အချင်းချင်း တစ်ဦး၏ခြေကိုတစ်ဦးကဆေးကြရမည်။အကြောင်းမူကား သင်တို့၌ ငါပြုသကဲ့သို့ သင်တို့ပြုကြစေရန်ပုံသက်သေကိုငါပြခဲ့ပြီ။ထောက်ရှုချက်ရှင်ပေတရုသည် အဘယ်ကြောင့် သူ၏ခြေထောက်ကို ဆေးကြောပေးသော သခင်ယေဇူး၏ ခြေဆေးပေးခြင်းကိုခံယူရန်ငြင်းဆိုခဲ့သနည်း။ကိုယ်တော်ခေတ်ကသူတစ်ပါး၏ခြေထောက်ကိုဆေးခြင်းအုလပ်သည်ကျွန်များသာလုပ်သောအလုပ်ဖြစ်သည်။ရှင်ပေတရု၏အမြင်တွင် “မက်ဆီးယား”ကယ်တင်ရှင်သည်အရှင်သခင်ဖြစ်သည်။သူ၏ခြေကိုဆေးပေးရန် မထိုက်တန်ပါဟူသောအမြင်ရှိသည်။ရှေးကျမ်းတွင်“ဒုက္ခစရိယာခံထမ်းတော်မူသောဘုရား၏ကျွန်တော်”ဆိုသောစကားသည်သခင်ယေဇူးကိုဖော်ညွှန်းခြင်းဖြစ်သည်။ယေဇူးက“ငါသည် သင်၏ခြေကို မဆေးလျှင်သင်သည်ငါနှင့်မသက်ဆိုင်” ဟုမိန့်တော်မူ၏။သခင်ယေဇူးသည် သူ၏ နောက်လိုက်ဖြစ်သောတပည့်တော်ကြီးများကို ကောင်းသောပုံသက်သေအနေဖြင့်အချင်းချင်းအစေခံကြရန်၊လိုအပ်သူများကိုအစေခံခြင်းသည်မြင့်မြတ်သောအစေခံခြင်းဖြစ်သည်။မိမိသည်သခင်ယေဇူး၏ကောင်းသောပုံသက်သေကိုအတုယူ၍ အကူ အညီလိုအပ်သောသူများကို ကူညီရန် အဆင်သင့်ရှိပါ၏လော။