Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-04-08 02:18:51

၂၀၂၃ ခုနှစ်၊ဧ ပြီလ (၉) ရက်သန့်ရှင်းသော ရက်သတ္တပတ်တနင်္ဂနွေနေ့၊အဖြူရောင်
ပထမကျမ်း - တမန်တော် ၁၀း၃၄ က၊ ၃၇-၄၃
ဒုတိယကျမ်း -  ကော်လော်ဆေ ၃း၁-၄ (ဝါ) ၁ ကော်  ၅း၆ခ-၈
ဧဝံ‌ဂေလိကျမ်း - ယောဟန် ၂၀း၁-၉ (ဝါ) မာတေဦး ၂၈း၁-၁၀
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ရက်သတ္တပတ်၏ပထမနေ့နံနက်စောစောမှောင်နေဆဲအချိန်တွင် မာရိယာမာဒလေးနာသည် သင်္ချိုင်းတော်သို့လာ၍ကျောက်တုံးသည်သင်္ချိုင်းဂူဝမှ ရွှေ့ထားလျက်ရှိသည်ကိုမြင်၏။သို့ဖြစ်၍ သူမသည်ပြေး၍ စီမွန်ပေတရုနှင့်ယေဇူးချစ်တော်မူသော တပည့်တော်ထံသို့သွားပြီးလျှင်ထိုသူတို့သည် သခင်ဘုရားကို သင်္ချိုင်းဂူမှယူဆောင်သွားကြပါပြီ။ကိုယ်တော့်ကိုသူတို့ အဘယ်မှာထားကြသည်ကို ကျွန်မမသိပါဟုတပည့်‌တော်တို့အားဆို၏။ထိုအခါပေတရုသည် အခြားသောတပည့်တော်နှင့်အတူထွက်လာပြီးသူတို့သည်သင်္ချိုင်းတော်သို့သွားကြလေ၏။သူတို့နှစ်ဦးအတူပြေးသွားကြစဥ်အခြားသောတပည့်တော်သည် ပေတရုကိုကျော်လွန်၍သင်္ချိုင်းတော်သို့ ဦးစွာရောက်လေ၏။သူသည်သင်္ချိုင်းဂူအတွင်းသို့ငုံ့လျှိုး၍ကြည့်လျှင်ပိတ်အဝတ်ကျန်ရစ်သည်ကို မြင်ရ၏။သို့သော်လည်း သူသည်မဝင်ဘဲနေလေ၏။သူ၏နောက်မှလိုက်လာသော စီမွန်ပေတရုသည် ရောက်လာ၍သင်္ချိုင်းတွင်းသို့ဝင်သဖြင့်ကျန်နေရစ်သောပိတ်အဝတ်ကိုလည်းကောင်း၊ကိုယ်တော်၏ ဦးခေါင်းတော်ပေါ်မှပုဝါသည်ပိတ်အဝတ်များနှင့်အတူမရှိဘဲ တစ်နေရာတွင်သီးသန့်လိပ်ထားလျက်ရှိသည်ကိုလည်းကောင်း မြင်လေ၏။ထို့နောက် သင်္ချိုင်းတော်သို့ ဦးစွာရောက်ရှိသောအခြားတပည့်တော်သည်လည်းဂူထဲသို့ဝင်၍တွေ့မြင်သောကြောင့်ယုံကြည်လေ၏။အကြောင်းမူကား ကိုယ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက်ရမည်ဟူသောကျမ်းစကားကို သူတို့ နားမလည် ကြသေးချေ။-ထောက်ရှုချက်-သခင်ယေဇူး ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုရှင်ပေါလူးက ခရစ်ယာန်ဘာသာဝင်တို့၏ဝိညာဉ်ရေးရာအတွက်နှိုးဆော်ထားပါသည်။ ကျွန်ုပ်တို့၏ဘဝရှင်ပြန်ထမြောက်သည်ဆိုသည်မှာခရစ်တော်၌ အသက်ရှင်ခြင်းဖြစ်သည်။သခင်ယေဇူး၏ ကျေးဇူးတော်ကြောင့်ကျွန်ုပ်တို့သည်ရှင်ပြန်ထမြောက်ခြင်းအကျိုးကိုခံစားခွင့်ရရှိခဲ့ကြသည်။ကျွန်ုပ်တို့ သခင်ယေဇူးကိုမည်ကဲ့သို့ ယုံကြည်လက်ခံကြသနည်း။

Daily Reflection