၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၀) ရက် သန့်ရှင်းသော ရက်သတ္တပတ်၊ တနင်္လာနေ့၊ အဖြူရောင်
ပထမကျမ်း - တမန်တော် ၂း၁၄၊ ၂၂-၃၃
ဧဝံဂေလိကျမ်း-မာတေဦး ၂၈း ၈-၁၅
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သူတို့သည်လည်း ကြောက်ရွံ့ခြင်းနှင့်ကြီးစွာသောဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်လျက်သင်္ချိုင်းတော်မှ အလျင်အမြန်ထွက်သွားကြ၍ ကိုယ်တော်၏တပည့်တော်တို့အားပြောကြားရန်ပြေးသွားကြ လေ၏။ထိုအခါ ယေဇူးသည်သူတို့နှင့်တွေ့ဆုံ၍သင်တို့၌မင်္ဂလာရှိပါစေဟုနှုတ်ဆက်လေ၏။သူတို့သည်လည်းအထံတော်သို့ ချဉ်းကပ်ကြ၍ကိုယ်တော်၏ခြေတော်ကိုဖက်ကိုင်ကြလျှက်ပျပ်ဝပ်ရှိခိုး ကြ၏။ထို့နောက်ယေဇူးကမကြောက်ကြနှင့်။သွားကြ၍ငါ့၏ညီအစ်ကိုများအားဂါလေလေးယနယ်သို့သွားရန်ပြောကြားလော့။ထိုအရပ်၌ သူတို့သည်ငါ့ကို မြင်တွေ့ကြရလိမ့်မည်ဟုသူတို့အားမိန့်တော်မူ၏။သူတို့ထွက်သွားကြစဥ် အချို့သောအစောင့်များသည် မြို့တွင်းသို့ဝင်၍ ရဟန်းအကြီးအကဲ တို့အား ဖြစ်ပျက်သမျှ အကြောင်းစုံကို ပြောြပကြလေ၏။ထိုအခါသူတို့သည်သက်ကြီး ဝါကြီးများနှင့် အတူ စည်းဝေးတိုင်ပင်ကြပြီးနောက်စစ်သူရဲတို့အား ငွေအမြောက်အများပေးလျက်၊ညအချိန်၌ အကျွန်ုပ်တို့အိပ်ပျ်ာ်နေကြစဥ်သူ၏တပည့်တော်တို့သည်လာကြ၍သူ၏အလောင်းကို ခိုးယူသွား ကြပါသည်ဟု လူတို့အားပြောကြလော့။ဤအကြောင်းကို ဘုရင်ခံကြားသိခဲ့လျှင်အကျွန်ုပ်တို့သည် သူကျေနပ်သည့်တိုင်အောင် ဖျောင်းဖျပြောဆို၍ မိမိတို့အားသင်တို့ ဒုက္ခမရောက်စေရန်ဆောင်ရွက်ပေးမည်ဟုသူတို့အားမှာထားကြ၏။သူတို့သည်လည်းငွေကိုယူ၍ မိမိတို့အားညွှန်ကြားထားသည့်အတိုင်းဆောင်ရွက်ကြ၏။ဤစကားသည်ဂျူးလူမျိုးများအကြားတွင်ယနေ့တိုင် အောင်ပျံ့နှံ့လျက်ရှိ၏။-ထောက်ရှုချက်-သခင်ယေဇူးကိုကြည်ညိုသော အမျိုးသမီးများကသိကြားမင်း၏ကိုယ်တော်ရှင်ပြန်ထမြောက်ခြင်း သတင်းကောင်းကိုကြားနာပြီးတပည့်တော်ကြီးများထံသို့ အမြန်သွား၍ သတင်းကောင်းကိုပါးကြသည်။ဤသို့သတင်းကောင်းပါးရန်သွားရာလမ်းတစ်လျှောက်တွင်သခင်ယေဇူးသည် သူတို့နှင့်အတူခရီးပြုခဲ့သည်။ကျွန်ုပ်တို့နေ့စဉ်မစ္ဆားတရားတော်မြတ်ကို နာယူပြီးကိုယ်တော်မြတ်ကိုပင့်ယူခဲ့ကြသည်။ကျွန်ုပ်တို့အနေဖြင့်ခရစ်တော်ကျွန်ုပ်တို့နှင့်အတူအမြဲရှိသည်ကိုသတိပြုပြီးယုံကြည်ပါ၏လော။