၂၀၂၃ ခုနှစ်၊ဧ ပြီလ (၁၁) ရက်ပါစကားရက်သတ္တပတ်အင်္ဂါနေ့၊အဖြူရောင်
ပထမကျမ်း။တမန်တော် ၂း၃၆-၄၁
ဧဝံဂေလိကျမ်း ။ယောဟန် ၂၀း ၁၁-၁၈
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
မာရိယာမူကားသင်္ချိုင်းဂူအပြင်၌ငိုကြွေးလျက်ရပ်နေလေ၏။သူမသည်ငိုကြွေးနေစဉ်သင်္ချိုင်းဂူအတွင်းသို့ငုံ့လျှိုး၍ကြည့်လိုက်ရာ၊ဖြူစင်သောအဝတ်ကိုဝတ်ဆင်ထားသောကောင်းကင်တမန်တော်နှစ်ပါးသည် ယေဇူး၏ အလောင်းတော် ထားခဲ့သည့်နေရာတွင် ခေါင်းရင်း၌တစ်ပါး၊ခြေရင်း၌တစ်ပါးထိုင်လျက်ရှိသည်ကိုမြင်လေ၏။ကောင်းကင်တမန်တော်တို့ကအချင်းအမျိုးသမီး၊အဘယ်ကြောင့်ငိုကြွေးသနည်းဟုသူမကိုမေးကြလျှင်သူမကကျွန်မ၏အရှင်သခင်ကို ထိုသူတို့ ယူဆောင်သွားကြပါြပီ။ ကိုယ်တော်အားသူတို့မည်သည့်နေရာတွင်ထားသည်ကိုကျွန်မမသိပါဟုဆိုလေ၏။ဤသို့ဆိုပြီးနောက်သူမသည်လှည့်၍ကြည့်လိုက်ရာယေဇူးရပ်နေသည်ကိုမြင်လေ၏။သို့သော်ထိုသူသည်ကိုယ်တော်ဖြစ်ကြောင်းကို သူမ မသိချေ။ ယေဇူးက အချင်း အမျိုးသမီး အဘယ်ကြောင့် ငိုကြွေးသနည်း။မည်သူ့ကို၏သင်ရှာဖွေသနည်းဟုမေးတော်မူလျှင်မာရိယာသည်ကိုယ်တော်အားဥယျာဥ်စောင့်ဟုထင်မှတ်၍သခင်၊သူ၏အလောင်းကိုသခင်ယူဆောင်သွားခဲ့ပါလျှင်မည်သည့်နေရာ၌ထားသည်ကို ကျွန်မအားပြောပါ။ သူ့ကို ကျွန်မယူဆောင်သွားပါမည်ဟု ဆိုလေ၏။ ယေဇူးကမာရိယာဟုသူမအားခေါ်တော်မူလျှင်၊သူမသည်နောက်သို့လှည့်၍ဟေဗြေဦးဘာသာဖြင့်ရာဘောနီဟကိုယ်တော်အားခေါ်လေ၏။(ရာဘောနီ၏အဓိပ္ပာယ်ကားဆရာဟုဆိုလိုသတည်း။)ယေဇူးက ငါ့ကိုမထိနှင့်။အကြောင်းမူကားငါသည်ခမည်းတော်ထံသို့တက်ကြွမသွားရသေး။သင်မူကားငါ၏ညီအစ်ကိုများရှိရာသို့သွားပြီးလျှင်ငါသည်ငါ၏ခမည်းတော်တည်းဟူသောသင်တို့၏ခမည်းတော်၊ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရား သခင်ထံတော်သို့ တက်ကြွမည့် အကြောင်းကိုပြောကြားလော့ဟုမိန့်တော်မူ၏။ထိုအခါမာရိယာမာဒလေးနာသည်သွား၍ကျွန်မသည်သခင်ဘုရားကိုဖူးမြင်ခဲ့ရပြီဟုတပည့်တော်တို့အားဆိုလျက်မိမိအားကိုယ်တော်မိန့်တော်မူခဲ့သောအကြောင်းအရာများကို သူတို့အား ပြောပြလေ၏။*ထောက်ရှုချက်*ယေဇူး သက်တော်ထင်ရှားရှိစဉ်အခါကကိုယ်တော်နှင့်အတူလှုပ်ရှားသွားလာခဲ့သောမာရိယာမဒလေနားသည်သခင်ယေဇူးရှင်ပြန်ပြီးနောက်ကိုယ်တော်ကိုမမှတ်မိတော့ချေ။သခင်ယေဇူး၏ခန္ဓာကိုယ်တွင်ဒဏ်ရာဒဏ်ချက်ကို ဖူးခွင့်ရသော်လည်း သူမ၏အတွေးသည် သူမ၏အမြင်ကို ကန့်သတ်ထားသည်။ သူမငို၍ ကိုယ်တော်ကို လိုက်ရှာသည်။ လမ်းခရီးတစ်လျှောက်တွင် လူတစ်ယောက်ကိုတွေ့သော်လည်းထိုသူသည်သခင်ယေဇူးဖြစ်မှန်းမသိခဲ့ပေ။ကျွန်ုပ်တို့နှုတ်ကပတ်တော်ကျမ်းစာမှလည်းကောင်း၊မစ္ဆားတရားနာရာတွင်လည်းကောင်း၊ဆုတောင်းမေတ္တာပြုသည့်အခါ၌လည်းကောင်း ယေဇူးကျွန်ုပ်တို့နှင့်အတူရှိသည်။ ဤအချက်ကို သတိပြုပါ၏လော။