၂၀၂၃ ခုနှစ်၊ဧ ပြီလ (၁၅) ရက်၊ ပါစကားရက်ပထမပတ်စနေနေ့၊ အဖြူရောင်
ပထမကျမ်း - တမန်တော် ၄း၁၃-၂၁
ဧဝံဂေလိကျမ်း - မာကု ၁၆း၉-၁၅
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကိုယ်တော်သည်ရက်သတ္တပတ်၏ပထမနေ့နံနက်စောစောအချိန်တွင်ရှင်ပြန်ထမြောက်တော်မူပြီးနောက်မာရိယာမာဒလေးနာအား ပထမဦးစွာ ထင်ရှားပြတော်မူ၏။မာရိယာ မာဒလေးနာသည်ကား၊သူမထံမှနတ်ဆိုးခုနှစ်ကောင်ကို ကိုယ်တော် နှင်ထုတ်ပေးခဲ့ဖူးသူဖြစ်၏။သူမသည်သွား၍ကိုယ်တော်နှင့်အတူရှိခဲ့ကြဖူးသောသူတို့ကို ပြောကြားလေ၏။ထိုအချိန်၌သူတို့သည်ဝမ်းနည်းပူဆွေး၍ ငိုကြွေးလျက်ရှိနေခဲ့ကြ၏။သို့သော်သူတို့သည်ကိုယ်တော်အသက်ရှင်တော်မူကြောင်းနှင့်သူမသည်ကိုယ်တော့်ကိုဖူးမြင်ခဲ့ရကြောင်းကိုကြားကြသောအခါမယုံကြည်ဘဲ ရှိကြ၏။ထို့နောက် ကိုယ်တော်သည် သူတို့ထဲမှ တောရွာသို့ ခရီးသွားနေကြသူနှစ်ယောက်တို့အား အခြားသောအသွင်ပုံစံဖြင့်ထင်ရှားပြတော်မူ၏။သူတို့သည်လည်း ပြန်သွားကြ၍အခြားသူများအားပြောကြားကြသော်လည်း ထိုသူတို့သည်သူတို့ကိုမယုံကြည်ကြချေ။ထို့နောက်တပည့်တော်တစ်ဆယ့်တစ်ပါးတို့သည် စားပွဲတွင်ထိုင်၍စားသောက်နေကြစဥ် ကိုယ်တော်သည်သူတို့ကို ထင်ရှားပြတော်မူ၏။ထိုအခါကိုယ်တော်သည်သူတို့၏ယုံကြည်ခြင်းကင်းမဲ့မှုနှင့်စိတ်နှလုံးခိုင်မာခြင်းတို့အတွက်သူတို့ကို အပြစ်တင်တော်မူ၏။အကြောင်းမူကားသူတို့သည်ရှင်ပြန်ထမြောက်တော်မူသောမိမိအား တွေ့မြင်ခဲ့ကြသူတို့၏စကားကိုမယုံကြည်ခဲ့ကြသောကြောင့်ဖြစ်၏။ထို့နောက် ကိုယ်တော်ကသူတို့အားမိန့်တော်မူသည်ကား၊ကမ္ဘာအရပ်ရပ်သို့သွားကြ၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိကတရားတော်ကိုဟောပြောကြလော့။*ထောက်ရှုချက်*သခင်ယေဇူးရှင်ပြန်ထမြောက်ပြီးနောက်မာဒလေနားကိုထင်ရှားပြသည်ဖြစ်စေ၊ဧမာဦးရွာသို့ တပည့် တော်ကြီးများနှင့်ကိုယ်တော်ခရီးပြုသည်ဖြစ်စေတပည့်တော်ကြီးများနှင့်ကိုယ်တော်ခရီးပြုသည်ဖြစ်စေ၊တပည့်တော်ကြီး၂ဦးသည် ကိုယ်တော်ကိုမမှတ်မိချေ။သခင်ယေဇူးရှင်ပြန်ထမြောက်သည်ကိုမယုံကြည်ကြပေ။တပည့်တော်ကြီးများသည် လူ၏ရှု ထောင့်အတိုင်းအတာဖြင့်ကန့်သတ်မှုရှိသောကြောင့်မယုံကြည်ကြပေ။ရှင်ပြန်ထမြောက်ခြင်းသည်သာမန်လူ၏အတွေးဖြင့်မမှီနိုင်ပေ။လူ၏အထင်အမြင်တွင်မဖြစ်နိုင်သောအရာသည်ဘုရားသခင်၌ဖြစ်နိုင်သည်။ထို့ကြောင့်ယုံကြည်ခြင်းသည်သင့်အား အံ့အားသင့်စေသောဘုရားသခင်အတွက်နေရာပေးခြင်းဖြစ်သည်။