၂၀၂၃ ခုနှစ်၊ဧ ပြီလ (၁၆) ရက်ကရုဏာရှင်ယေဇူးပွဲနေ့၊ ပါစကား ဒုတိယပတ်၊တနင်္ဂနွေနေ့
ပထမကျမ်း - တမန်တော် ၂း၄၂-၄၇
ဒုတိယကျမ်း - ၁ ပီတာ ၁း၃-၉
ဧဝံဂေလိကျမ်း - ယောဟန် ၂၀း ၁၉-၃၁
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ရက်သတ္တပတ်၏ပထမနေ့ဖြစ်သောထိုနေ့တွင်ညနေအချိန်ရောက်သောအခါ တပည့်တော်တို့သည် ဂျူးလူမျိုးတို့ကိုကြောက်သောကြောင့် မိမိတို့စုဝေးကြသောနေရာတွင်တံခါးများကို ပိတ်ထားလျက်နေကြ၏။ထိုအချိန်၌ ယေဇူးသည်ကြွလာ၍ သူတို့အလယ်တွင်ရပ်လျက် သင်တို့၌ငြိမ်းချမ်းသာယာခြင်းရှိပါစေဟုသူတို့အားမိန့်တော်မူ၏။ဤကဲ့သို့မိန့်တော်မူပြီးနောက် ကိုယ်တော်သည် သူတို့အားမိမိ၏လက်တော်တို့နှင့်နံဘေးတော်ကိုပြတော်မူ၏။ထိုအခါ တပည့်တော်တို့သည်သခင်ဘုရားကို ဖူးမြင်ရ သဖြင့် ဝမ်းမြောက်ကြလေ၏။တစ်ဖန်ကိုယ်တော်က သင်တို့၌ ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း။ခမည်းတော်သည်ငါ့ကိုစေလွှတ်တော်မူသကဲ့သို့ငါသည်လည်း သင်တို့ကိုစေလွှတ်၏ဟုမိန့်တော်မူ၏။ထို့နောက် ကိုယ်တော်သည်သူတို့အပေါ်သို့ မှုတ်တော်မူလျက် ဝိညာဉ်တော်မြတ်ကိုခံယူကြလော့။အကြင်သူ၏အပြစ်များကိုသင်တို့ခွင့်လွှတ်လျှင် ထိုအပြစ်များသည် ခွင့်လွှတ်ခြင်းခံရ၏။အကြင်သူ၏အပြစ်များကိုသင်တို့တည်စေလျှင် ထိုအပြစ်များသည်တည်လျက်ရှိ၏ဟုသူတို့အားမိန့်တော်မူ၏။တစ်ဆယ့်နှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သောဒီးဒီမုဟုခေါ်သည့်သောမသည်ကား ယေဇူးကြွလာတော်မူသောအချိန်တွင် သူတို့နှင့်အတူမရှိချေ။သို့ဖြစ်၍ အခြားသော တပည့်တော်တို့ကအကျွန်ုပ်တို့သည် သခင်ဘုရားကိုဖူးမြင်ကြရပြီဟုသူ့အားဆိုကြ၏။ သို့သော် သောမကကိုယ်တော် ၏ လက်တော်၌ သံရိုက်ရာကိုအကျွန်ုပ် မမြင်ရလျှင်၊ သံရိုက်ရာထဲသို့ အကျွန်ုပ်၏ လက်ညှိုးကို မသွင်းရလျှင်၊ကိုယ်တော်၏နံဘေးတော်ကို အကျွန်ုပ်၏ လက်ဖြင့် မစမ်းသပ်ရလျှင် အကျွန်ုပ် ယုံကြည်လိမ့် မည် မဟုတ်ဟုသူတို့အား ဆိုလေ၏။ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည်အိမ်အတွင်း၌ တစ်ဖန်စုဝေးလျက်ရှိကြစဥ် သောမသည်လည်းသူတို့နှင့်အတူရှိ၏။တံခါးများပိတ်ထားလျက်ရှိသော်လည်း ယေဇူးသည်ကြွလာပြီးလျှင် သူတို့၏အလယ်၌ ရပ်တော် မူလျက် သင်တို့၌ငြိမ်းချမ်းသာယာခြင်း ရှိပါစေဟုသူတို့အားမိန့်တော်မူ၏။ထို့နောက်ကိုယ်တော်က သောမအားသင်၏လက်ညှိုးကို ဤနေရာ၌သွင်း၍ ငါ၏လက်များကိုကြည့်လော့။သင်၏လက်ကိုလည်းဆန့်၍ ငါ၏နံဘေးကိုစမ်းသပ်လော့။ယုံမှား သံသယမဖြစ်လေနှင့်၊ မယုံကြည်လော့ဟု မိန့်တော်မူ၏။ သောမကလည်း အကျွန်ုပ်၏သခင်၊ အကျွန်ုပ်၏ဘုရားပါတကားဟုကိုယ်တော်အား ပြန်၍လျှောက်လေ၏။ ယေဇူးကလည်း သင်သည် ငါ့ကို မြင်ရသောကြောင့်ယုံကြည်သလော။ မမြင်ရဘဲ ယုံကြည်သော သူတို့သည်မင်္ဂလာရှိကြ၏ဟုမိန့်တော်မူ၏။ဤကျမ်းစာ၌ မှတ်တမ်းမတင်ထားသည့်များစွာသောအခြားတန်ခိုးလက္ခာတို့ကိုလည်း ယေဇူးသည်တပည့်တော်တို့ ရှေ့မှောက်တွင်ပြတော်မူ၏။သို့သော် ယေဇူးသည်ဘုရားသခင်၏ သားတော်တည်းဟူသော ခရစ်တော်ဖြစ်သည်ကိုသင်တို့ယုံကြည်ကြစေရန်လည်းကောင်း၊ ထိုကဲ့သို့ ယုံကြည်ခြင်းဖြင့် ကိုယ်တော်၏နာမတော်၌ သင်တို့သည် အသက်ကိုရနိုင်ကြရန်လည်းကောင်း ဤအရာများကိုရေးသားမှတ်တမ်းတင်ထားလျက်ရှိ၏။*ထောက်ရှုချက်*ယုံကြည်ခြင်းဆိုသည်မှာအဘယ်နည်း။ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်၌ ဖန်တီးမှုအသစ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။သခင်ယေဇူးနှင့်တစ်ကိုယ်တည်း တစ်သားတည်းဖြစ်သွားသည်။အသက်ရှုလျှင်လည်းသခင်ယေဇူး၏ ဝိညာဉ်ခွန်အားနှင့်အသက်ရှုသည်။ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် အရာရာကိုလုပ်ကိုင်ရာ၌သန့်ရှင်းတော်ဝိညာဉ်တော်ဘုရား၏ဝိညာဉ်တော်၏ဉာဏ်အလင်းကျေးဇူးတော်နှင့်အရာရာကိုဆောင်ရွက်နိုင်သည်။ကျွန်ုပ်တို့သည် ဘုရားသခင်ပေါ်ယုံကြည်ခြင်းရှိ လျှင် ဘုရား၏ကျေးဇူးတော်ကြောင့်ဘုရားကိုသိမည်၊ ချစ်မည်၊ အစေခံနိုင်မည်။