၂၀၂၃ ခုနှစ်၊ဧ ပြီလ (၁၇) ရက် ပါစကားဒုတိယပတ်၊တနင်္လာနေ့၊အဖြူရောင်
ပထမကျမ်း - တမန်တော် ၄း၂၃-၃၁
ဧဝံဂေလိကျမ်း - ယောဟန် ၃း၁-၈
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဂျူးလူမျိုးတို့သည်အုပ်ချုပ်သူတစ်ဦးဖြစ်သောနီကိုဒေးမှအမည်ရှိသည့်ဖာရီဇေးဦး တစ်ယောက်ရှိ၏။ဤသူသည်ညအချိန်၌ယေဇူးထံသို့လာပြီးလျှင်ရာဘီ၊ကိုယ်တော်သည် ဘုရားသခင်ထံတော်မှကြွလာတော်မူသောဆရာသခင်ဖြစ်ကြောင်း၊အကျွန်ုပ်တို့သိကြပါ၏။အကြောင်းမူကား ကိုယ်တော်ပြုလုပ်တော်မူသောဤအံ့ဖွယ်တန်ခိုးလက္ခဏာများကိုဘုရားသခင်နှင့်အတူမရှိသောသူမည်သူမျှမပြလုပ်နိုင်ပါဟုလျှောက်ထားလေ၏။ယေဇူးကသင့်အား ငါဧကန်အမှန်ဆိုသည်ကားအသစ်တစ်ဖန်မွေးဖွားခြင်းမခံရသောသူမည်သူမျှဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရဟုသူ့အားဖြေကြားတော်မူ၏။နီကိုဒေးမုကလည်းလူတစ်ဦးသည်အသက်ကြီးသောအခါမည်ကဲ့သို့မွေးဖွားခြင်းခံနိုင်ပါမည်နည်း။သူသည်အမိဝမ်းထဲသို့ဒုတိယအကြိမ်ပြန်ဝင်၍မွေးဖွားခြင်းကိုခံနိုင်ပါမည်လောဟု ကိုယ်တော်အား လျှောက်လေ၏။ ယေဇူးကလည်း သူ့အား ဖြေတောမူသည် မှာသင့်အား ငါဧကန်အမှန်ဆိုသည်ကား၊ ရေဖြင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဥ်တော်ဖြင့်လည်းကောင်း မွေးဖွားခြင်းကိုမခံသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့မဝင်နိုင်ရာ။သွေးသားမှမွေးဖွားသောသူသည်သွေးသားဖြစ်၍ဝိညာဥ်တော်မှမွေးဖွားသောသူသည်ဝိညာဥ်ဖြစ်၏။သင်တို့သည် နောက်တစ်ကြိမ်မွေးဖွားခြင်းခံရမည်ဟုသင့်ကို ငါဆိုသောကြောင့်အံ့သြခြင်းမရှိနှင့်။လေသည် မိမိအလိုရှိရာအရပ်သို့ တိုက်ခတ်၏။ လေတိုက်သံကိုသင်ကြားရသော်လည်း ၎င်းသည် မည်သည့်အရပ်မှာလာ၍ မည်သည့်အရပ်သို့ သွားသည်ကို သင်မသိ။ဝိညာဥ်တော်အားဖြင့် မွေးဖွားခြင်းခံကြ သူတို့သည်လည်း ထိုနည်းတူ ဖြစ်ကြသည်ဟု မိန့်တော်မူ၏။*ထောက်ရှုချက်*နီကိုဒေးမုသည်အခြားဖာရီဇေးဦးကဲ့သို့ယေဇူးအပေါ်မနာလိုဝန်တိုခြင်းမရှိချေ။သခင်ယေဇူး၏အနေအထိုင်ကိုကြည့်၍ကိုယ်တော်သည်ကောင်းကင်ဘုံမှဆင်းကြွလာတော်မူသောသခင်ဖြစ်တော်မူကြောင်းကိုသိမြင်တော်မူ၏။အသီးကိုကြည့်၍အပင်ကောင်းမကောင်းဆုံးဖြတ်နိုင်သူဖြစ်သည်။သခင်ကနောက်တစ်ကြိမ်မွေးဖွားခြင်းခံရမည်ဟုမိန့်တော်မူသောနှုတ်ထွက်တော်ကိုအံ့သြခြင်းမရှိ။ဘုရားသခင်၏ သားသမီးစစ်စစ်များဖြစ်လာရန်အတွက်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်နောက်တစ်ဖန်မွေးဖွားခြင်းခံကြရသည်။အကောင်းဘက်ကိုပြောင်းလဲကြရမည်။