၂၀၂၃ ခုနှစ်၊ဧ ပြီလ (၁၈) ရက်၊ပါစကား ဒုတိယပတ်အင်္ဂါနေ့၊အဖြူရောင်
ပထမကျမ်း - တမန်တော် ၄း၃၂-၃၇
ဧဝံဂေလိကျမ်း - ယောဟန် ၃း၇ခ -၁၅
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သင်တို့သည်နောက်တစ်ကြိမ်မွေးဖွားခြင်းခံရမည်ဟုသင့်ကိုငါဆိုသောကြောင့်အံ့သြခြင်းမရှိနှင့်။လေသည်မိမိအလိုရှိရာအရပ်သို့တိုက်ခတ်၏။လေတိုက်သံကို သင်ကြားရသော်လည်း၎င်းသည်မည်သည့်အရပ်မှလာ၍မည်သည့်အရပ်သို့သွားသည်ကိုသင်မသိ။ဝိညာဥ်တော်အားဖြင့်မွေးဖွားခြင်းခံကြသူတို့သည်လည်းထိုနည်းတူဖြစ်ကြသည်ဟုမိန့်တော်မူ၏။နီကိုဒေးမူကလည်းဤအမူအရာသည်မည်သို့ဖြစ်နိုင်မည်နည်းဟုကိုယ်တော်အားမေးလျှောက်လေ၏။ယေဇူးကသင်သည်အစ္စရာအဲလ်လူမျိုးတို့တွင်ဆရာတစ်ဦးဖြစ်လျက်နှင့်ပင်ဤအမူအရာကိုနားမလည်သလော။သင့်အားငါဧကန်အမှန်ဆိုသည်ကားငါတို့သိရှိသောအရာကိုငါတို့ ပြောဆိုကြ၏။ငါတို့မြင်သောအရာကိုငါတို့ သက်သေခံကြ၏။သို့သော်လည်းသင်တို့သည်ငါတို့၏သက်သေခံချက်ကိုလက် မခံကြ။ကမ္ဘာမြေကြီးနှင့်ဆိုင်သောအရာကိုသင်တို့အား ငါပြော၍သင်တို့မယုံကြည်ကြပါလျှင်၊ကောင်းကင်နှင့်ဆိုင်သောအရာများကိုငါပြောသောအခါသင်တို့သည်မည်ကဲ့သို့ယုံကြည်ကြမည်နည်း။ကောင်းကင်မှဆင်းသက်လာသောလူသားမှတစ်ပါမည်သူမျှကောင်းကင်သို့မတက်ဖူးကြ။မိုးဇက်သည်တောင်ကန္တာရ၌မြွေကိုမြှောက်ထားသကဲ့သို့လူသားသည်လည်းမြှောက်ထားခြင်းခံရလိမ့်မည်။ဤသို့ဖြင့်သူ၌ယုံကြည်သောသူဟူသမျှသည်ထာဝရအသက်ကိုရလိမ့်မည်။*ထောက်ရှုချက်*နီကိုဒေးမူကအဘယ် ကြောင့်သခင်ယေဇူး၏နှုတ်တော်ထွက်စကားကို နားမလည်နိုင်သနည်း။အဘယ်ကြောင့်ဆိုသော်သခင်ယေဇူး၏စကားတော်သည်ကောင်းကင်နိုင်ငံနှင့်သက်ဆိုင်သောစကားတော်ဖြစ်၍နီကိုဒေးမူကပြောသောစကားတော်သည်လောကနှင့်ဆိုင်သောအ ရာများဖြစ်သောကြောင့်ဖြစ်သည်။မေးစရာမေးခွန်းကကျွန်ုပ်တို့တစ်ဦးစီ၏နေ့စဉ်ဘဝတစ်သက်တာတွင်အကန့်အသတ်မရှိသောဘုရားကိုကျွန်ုပ်၏နှလုံးသားဖွင့်ပေးနိုင်ပါသလား။အကယ်၍ကျွန်ုပ်တို့၏စိတ်ဝိညာဉ်ကိုဖွင့်ထားပါလျှင်ကိုယ်တော်၏နက်နဲလှသောအချက်များသည်ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင်ထင်ရှားလာပါလိမ့်မည်။