၂၀၂၃ ခုနှစ်၊ဧ ပြီလ (၁၉) ရက်၊ပါစကားတတိယပတ်ဗုဒ္ဓဟူးနေ့၊အဖြူရောင်
ပထမကျမ်း - တမန်တော် ၅း၁၇-၂၆
ဧဝံဂေလိကျမ်း - ယောဟန် ၃း၁၆-၂၁
Reflection by Sr. Florence Yi, SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သားတော်ကိုယုံကြည်သောသူဟူသမျှကိုပျက်စီးခြင်းသို့မရောက်စေဘဲ ထာဝရအသက်ကိုရစေခြင်းငှါ၊ဘုရားသခင်သည်မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်သည်တိုင်အောင်ကမ္ဘာလောကသားတို့ကိုချစ်တော်မူ၏။အကြောင်းမူကားဘုရားသခင်သည်ဤလောကကို အပြစ်စီရင်စေခြင်းငှါသားတော်အား လောကထဲသို့ စေလွှတ်တော်မူသည်မဟုတ်။သားတော်အားဖြင့် ဤလောကသည်ကယ်တင်ခြင်းခံရစေရန်စေလွှတ်တော်မူခြင်းသာဖြစ်၏။သားတော်ကိုယုံကြည်သောသူသည်အပြစ်တင်ခြင်းခံရစေရန်စေလွှတ်တော်မူခြင်းသာဖြစ်၏။သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။မယုံကြည်သောသူသည်ကား အပြစ်စီရင်ခြင်းကို ခံရလေပြီ။အကြောင်းမူကားသူသည်ဘုရားသခင်၏တစ်ပါးတည်းသောသားတော်၏နာမတော်၌ မယုံ ကြည်သောကြောင့်ပင်တည်း။စီရင်ချက်သည်ကား ဤသို့ဖြစ်၏။အလင်းသည် ဤလောကသို့ကြွလာသော်လည်း လူတို့သည်မကောင်းမှုကိုပြုနေကြသောကြောင့်၊အလင်းထက်မှောင်မိုက်ကိုပို၍နှစ်သက်ကြ၏။ကောင်းမှုကိုပြုသောသူတိုင်းသည် အလင်းကိုမုန်းတီးကြ၍ မိမိတို့ပြုသောမကောင်းမှုမပေါ်လွင်စေခြင်းငှါ အလင်းသို့မချဉ်းကပ်ကြ။သမ္မာတရားကိုလိုက်နာကျင့်သုံးသောသူမူကား မိမိပြုသမျှတို့သည် ဘုရားသခင်၏အလိုတော်အတိုင်းဖြစ်သည်ကိုထင်ရှားစွာမြင်စေခြင်းငှါအလင်းသို့လာသည်ဟု မိန့်တော်မူ၏*ထောက်ရှုချက်*ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်သည့်တိုင်အောင်ကမ္ဘာ လောကသားတို့ကို ချစ်တော်မူ၏။ဤနှုတ်တော်ထွက်စကားသည်ရှင်ယောဟန်၏ ဓမ္မသစ်ကျမ်း၏ အဓိကဗျာဒိတ်တော်ဖြစ်သည်။ဓမ္မသစ်ကျမ်း၏အကျဉ်းချုပ်လည်းဖြစ်သည်။သခင်ယေဇူးလူ့အဖြစ်ကိုယူတော်မူ၍လူသားများ၏အပြစ်အတွက် အသက်တော်ကိုစွန့်တော်မူသည်။အဘယ်ကြောင့်နည်း။အဖြေကလူသားများကိုချစ်တော်မူသောကြောင့်ဖြစ်သည်။ကျွန်ုပ်တို့လည်းသခင်ယေဇူးကိုချစ်လျှင် သမ္မာတရားတော်ကိုလိုက်နာကျင့်သုံးသောသူ၊ဘုရားသခင်၏အလိုတော်အတိုင်း လိုက်ကျင့်သောသူများဖြစ်ကြလိမ့်မည်။