၂၀၂၃ ခုနှစ်၊ဧ ပြီလ (၂ဝ) ရက်၊ပါစကားတတိယပတ်ကြာသပတေးနေ့၊အဖြူရောင်
ပထမကျမ်း - တမန်တော် ၅း၂၇-၃၃
ဧဝံဂေလိကျမ်း - ယောဟန် ၃း၃၁-၃၆
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
အထက်မှလာသောသူသည်အားလုံးတို့ထက်ကြီးမြတ်တော်မူ၏။ကမ္ဘာမြေကြီးမှဖြစ်သောသူသည် ကမ္ဘာမြေကြီးနှင့်သက်ဆိုင်သဖြင့်၊ကမ္ဘာမြေကြီးအကြောင်းကိုသာပြောဆိုတတ်၏ကောင်း ကင်မှကြွလာသောသူသည်ကားအားလုံးတို့ထက်ကြီးမြတ်တော်မူ၏။ကိုယ်တော်သည် မိမိမြင်ရကြားရသမျှတို့ကိုသက်သေခံတော်မူ၏။သို့သော်ကိုယ်တော်၏သက်သေခံချက်ကိုမည်သူမျှ လက်မခံကြ။ကိုယ်တော်၏သက်သေခံချက်ကိုလက်ခံသောသူမူကားဘုရားသခင်သည်ဖြောင့်မှန်တော်မူကြောင်းကိုသက်သေခံလေ၏။အကြောင်းမူကားဘုရားသခင်စေလွှတ်တော်မူသောသူသည်ဘုရားသခင်၏စကားကိုပြောဆိုတတ်၏။အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်ဝိညာဉ်တော်ကိုအတိုင်းအဆမရှိပေးတော်မူသောကြောင့်ဖြစ်၏။ခမည်းတော်သည်သားတော်ကိုချစ်မြတ်နိုး၍အရာခပ်သိမ်းတို့ကိုသားတော်၏လက်သို့ပေးအပ်တော် မူ၏။သားတော်၌ယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏။သားတော်ကိုမယုံကြည်သောသူမူကားထာဝရအသက်ကိုမြင်ရလိ့မ်မည်မဟုတ်။သို့သော်ဘုရားသခင်၏အမျက်တော်သည်ထိုသူ၏အပေါ်၌တည်လိမ့်မည်ဟုဆိုလေ၏။*ထောက်ရှုချက်*ယေဇူးသခင်သည်အဖခမည်းတော်ဘုရား၏ချစ်သားဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကိုလည်း စေလွှတ်တော်မူခဲ့သည်။သခင်ယေဇူးသည်တရားဒေသနာကိုသူဟောပြောသည့်အတိုင်းလက်တွေ့ကျင့်ကြံပြီးဘုရားကိုသက်သေခံတော်မူသည်။ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူကိုသက်သေခံတော်မူသည်။သခင်ယေဇူး၏သာသနာပြုခြင်းတွင်တစ်ကမ္ဘာလုံးရှိလူသားများအားပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားကိုမိတ်ဆက်ပေးခြင်းဖြစ်သည်။သခင်ယေဇူးကိုယုံကြည်ပြီးလက်တွေ့ဘဝတွင်ယေဇူး၏လမ်းစဉ်အတိုင်းနေထိုင်လျှင်ထာဝရသုခချမ်းသာကိုရရှိမည်။