၂၀၂၃ ခုနှစ်၊ဧ ပြီလ (၂၁) ရက်ပါစကားတတိယပတ်၊သောကြာနေ့၊အဖြူရောင်
ပထမကျမ်း - တမန်တော် ၅း၃၄-၄၂
ဧဝံဂေလိကျမ်း - ယောဟန် ၆း၁-၁၅
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ထို့နောက် ယေဇူးသည်တိဘေးရိယအိုင်ဟုအမည်တွင်သောဂါလေလေးယပင်လယ်တစ်ဖက်ကမ်းသို့ ကြွတော်မူ၏။များစွာသော လူအစုအဝေးတို့သည်လည်း၊နာမကျန်းဖြစ်နေသူတို့အပေါ်၌ ကိုယ်တော်ပြုလုပ်တော်မူသောအံ့ဖွယ်တန်ခိုး လက္ခဏာများကိုတွေ့မြင်ကြသဖြင့်၊ကိုယ်တော်၏နောက်တော်သို့လိုက်ကြလေ၏။ယေဇူးသည်လည်းတောင်ပေါ်သို့ ကြွတော်မူ၍ တပည့်တော်တို့နှင့်အတူ ထိုနေရာ၌ထိုင်တော်မူ၏။ထိုအချိန်သည်ကား ဂျူးလူမျိုးတို့၏ပွဲတော်ြဖစ်သောပါစကားပွဲကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်၏။ကိုယ်တော်သည်လှမ်း၍ကြည့်သောအခါများပြားလှသော လူအစုအဝေးသည် အထံတော်သို့လာနေကြသည်ကိုမြင်သောကြောင့်ဤသူတို့ စားသုံးရန်မုန့်ကိုငါတို့မည်ကဲ့သို့ ဝယ်နိုင်မည်နည်းဟုဖိလိပုအားမိန့်တော်မူ၏။ကိုယ်တော်သည် သူ့ကိုစုံစမ်းခြင်းငှါ ဤကဲ့သို့မိန့်တော်မူခြင်းဖြစ်၏။အကြောင်းမူကား ကိုယ်တော်သည်မိမိကိုယ်တိုင်မည်သည့်အရာပြုရမည်ကို သိတော်မူ၏။ဖိလိပုကလည်းလူတိုင်း တစ်ယောက်လျှင်ပေါင်မုန့်တစ်ဖဲ့စီရနိုင်ရန်ဒေနာရီနှစ်ရာဖိုးဝယ်လျှင်ပင်လုံလောက်မည်မဟုတ်ပါဟုကိုယ်တော်အား ပြန်လျှောက်လေ၏။ကိုယ်တော်၏တပည့်တော်တစ်ပါးဖြစ်၍ စီမွန်ပေတရု၏ညီဖြစ်သောအန္ဒြးယက ကိုယ်တော်အား လျှောက်ထားသည်မှာ၊မုယောဆန်မုန့် ငါးလုံးနှင့်ငါးနှစ်ကောင်ရှိသောသူငယ်တစ်ယောက် ဤနေရာတွင်ရှိပါ၏။သို့သော် ဤမျှများပြားသောလူအစုအဝေးအတွက်မပြောပလောက်ပါဟုဆို၏။ယေဇူးကလည်း လူတို့ကိုထိုင်ကြစေဟုမိန့်တော်မူ၏။ထိုနေရာ၌ မြက်ခင်းများရှိ၏။ယောကျ်ားများချည်းပင်ငါးထောင်ခန့်ရှိသောလူတို့သည်လည်းထိုင်ကြလေ၏။ထို့ နောက်ယေဇူးသည် မုန့်များကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးလျှင်ထိုင်နေကြသောလူတို့အားဝေငှတော်မူ၏။ထိုနည်းတူ ငါးကိုလည်း သူတို့အလိုရှိသလောက်ဝေငှတော်မူ၏။သူတို့စား၍ဝကြပြီးသောအခါ ကိုယ်တော်လည်းတပည့်တော်တို့အား ကြွင်းကျန်သော အကျိုးအပဲ့များကို မပျောက်မပျက်စေခြင်းငှါကောက်သိမ်းကြလော့ဟု မိန့်တော်မူ၏။ ထို့ကြောင့်လူတို့ စားပြီးသည့် နောက် မုယောဆန်မုန့်ငါးလုံးမှကျန်ရှိသော အပိုင်းအစများကိုကောက်သိမ်းကြရာတောင်းတစ်ဆယ့်နှစ်လုံးအပြည့်ရကြ၏။လူတို့သည်ကိုယ်တော်ပြုတော်မူသောတန်ခိုးလက္ခဏာကို မြင်ကြလျှင် ဤသူသည်ကား ဤလောကသို့ကြွလာမည့် ပရောဖက်ဧကန်မုချဖြစ်သည်ဟုဆိုကြ၏။ထိုသူတို့သည် လာကြ၍ မိမိအားဘုရင်အရာသို့အတင်းအဓမ္မတင်မြှောက်ကြမည်ကိုယေဇူး သိသောကြောင့် မိမိတစ်ပါးတည်းတောင်ပေါ်သို့တိမ်းရှောင်သွားတော်မူ၏။*ထောက်ရှုချက်*ပထမအချက်အနေဖြင့်ဤကျမ်းပိုဒ်တွင် သခင်ယေဇူးသည်ဖိလိပုံအား စုံစမ်းတော်မူခြင်းအကြောင်းဖြစ်၍ဒုတိယအချက်မှာ ကိုယ်တော်ကိုဘုရင်အဖြစ်တင်မြှောက်မည့်အခြေအနေကိုရှောင်ရှားလို၍ဖြစ်သည်။လူ့လောက၏မျက်စိဖြင့် ကြည့်လျှင်နားမလည်နိုင်ချေ။ဖိလိပုကလောလောဆယ်ဖြစ်ပေါ်နေသည့် အခက်အခဲနှင့်တွေ့ကြုံနေရသောအခြေအနေ၌သာမြင်သည်။သခင်ယေဇူး၏ ဘုရားအြဖစ်တော်ကိုမေ့လျော့နေသည်။ကျွန်ုပ်တို့သည်လည်းသခင်ယေဇူးကိုလောကအတွေးဖြင့်ကြည့်နေသလော။