Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-04-23 08:13:19

၂၀၂၃ ခုနှစ်၊ဧ ပြီလ (၂၄)ရက်သံဖီဒဲလစ်  ပါစကားတတိယပတ်တနင်္လာနေ့        
(ရဟန်း၊ ဓမ္မအာဇာနည်)အဖြူရောင်
ပထမကျမ်း-တမန်တော် ၆း၈-၁၅
ဧဝံဂေလိကျမ်း-ယောဟန် ၆း၂၂-၂၉
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR) 

 

 နောက်တစ်နေ့၌ပင်လယ်တစ်ဖက်ကမ်းတွင်ကျန်ရစ်ခဲ့ကြသော လူအစုအဝေးတို့သည်ထိုနေရာ၌လှေတစ်စီးသာရှိကြောင်းနှင့်ယေဇူးသည် လှေပေါ်သို့လိုက်ပါသွားခြင်းမရှိဘဲတပည့်တော်များသာ ထွက်ခွာသွားကြကြောင်းကိုမြင်ကြ၏။သို့သော်လည်း တိဘေးရိယမြို့မှလှေများသည်သခင်ဘုရားကျေးဇူးတော်ချီးမွမ်းပြီးနောက်မိမိတို့မုန်းစားခဲ့ကြသောနေရာအနီးသို့ဆိုက်ရောက်လာကြ၏။သူတို့သည်ယေဇူးနှင့်တပည့်တော်တို့ကိုထိုအရပ်၌မရှိကြောင်းကိုသိမြင်ကြသောအခါလှေများပေါ်သို့တက်ကြပြီးကာဖာနာအုမ်မြို့သို့သွားကြ၍ယေဇူးကိုရှာကြ၏။သူတို့သည်ကိုယ်တော့်ကိုပင်လယ်တစ်ဖက်ကမ်း၌တွေ့မြင်ကြလျှင်ရာဘီ၊မည်သည့်အချိန်ကဤအရပ်သို့ရောက်လာခဲ့ပါသနည်းဟုကိုယ်တော်အားမေးကြ၏။ယေဇူးကလည်းသင်တို့အား ငါဧကန်အမှန်ဆိုသည်ကားသင်တို့သည် တန်ခိုးလက္ခဏာကိုမြင်ကြရသောကြောင့်မဟုတ်၊ပေါင်မု့န်ကိုစား၍ဝသောကြောင့်သာငါ့ကိုရှာကြ၏။ပျက်စီးတတ်သောအစာအတွက်မကြိုးစားကြနှင့်။ထာဝရအသက်၌တည်စေခြင်းငှါ လူသားသည် သင်တို့အားပေးမည့်အစာအတွက် ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကားခမည်းတော်ဘုရားသည် သူ့အပေါ်၌ မိမိ၏တံဆိပ်ကို ခတ်နှိပ်တော်မူ လေပြီဟုမိန့်တော်မူ၏။ထိုအခါသူတို့က ဘုရားသခင်၏ကိုယ်တော်အား မေးလျှောက်ကြ၏။ယေဇူးကလည်း ထာဝရဘုရားသခင်နှစ်သက်တော်မူသောအမှုအရာသည်ကားကိုယ်တော်ရှင်စေလွှတ်တော်မူသောသူကိုသင်တို့ယုံကြည်ခြင်းပင်ဖြစ်သတည်းဟုသူတို့အားပြန်ဖြေတော်မူ၏။*ထောက်ရှုချက်*သခင်ယေဇူးပေါင်မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်အားလူငါးထောင်ကျွေးမွေးပြီးနောက်လူစုလူဝေးတို့သည်ကိုယ်တော်ကိုအစ္စရာအဲ(လ်) ဘုရင်အဖြစ်တင်‌မြှောက်လိုကြသည်။သို့သော် သခင်ယေဇူးတောင်ပေါ်သို့တစ်ယောက်တည်းဆုတ်ခွာသွားခဲ့သည်။လူတွေကကိုယ်တော်ကို ဆက်လက်၍လိုက်ရှာကြသည်။ကျွန်ုပ်တို့လည်းမည်သည့်ရည်ရွယ်ချက်ဖြင့်သခင်ယေဇူးကိုလိုက်ရှာနေကြသနည်း။သခင်ယေဇူးက“သင်တို့သည်တန်ဖိုးလက္ခဏာကိုမြင်ရသောကြောင့်မဟုတ်၊ပေါင်မုန့်ကိုစား၍ဝသောကြောင့်ငါ့ကိုရှာကြ၏။ပျက်စီးတတသောအစာအတွက်မကြိုးစားနှင့်။ထာဝရအသက်၌ တည်ခြင်းငှါကိုယ်တော်ပေးမည်။အစာအတွက် ကြိုးစားအားထုတ်ကြလော့။

 

 

Daily Reflection