Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-04-24 04:04:42

၂၀၂၃ ခုနှစ်၊ဧ ပြီလ (၂၅) ရက်ပါစကားတတိယပတ်အင်္ဂါနေ့ ၊သံမာကု (ဧဝံဂေလံကျမ်းရေးပုဂ္ဂိုလ်)ပွဲနေ့
ပထမကျမ်း-၁ပီတာ ၅း၅ခ-၁၄
ဧဝံဂေလိကျမ်း-မာကု ၁၆း၁၅-၂၀
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)   

ထို့နောက် ကိုယ်တော်ကသူတို့အားမိန့်တော်မူသည်ကားကမ္ဘာအရပ်ရပ်သို့သွားကြ၍ဝေနေယျသတ္တဝါအပေါင်းတို့အားဧဝံဂေလိကတရားတော်ကိုဟောပြောကြလော့။ယုံကြည်၍ ဆေးကြောခြင်းခံယူသောသူတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းခံရလိမ့်မည်။ယုံကြည်သောသူတို့၌ ဤနိမိတ်လက္ခဏာများဖြစ်ပေါ်လိမ့်မည်။သူတို့သည်ငါ၏နာမတော်ကိုအမှီပြုလျက်နတ်ဆိုးများကို နှင်ထုတ်နိုင်ကြလိမ့်မည်။ဘာသာစကားအသစ်များကိုလည်းပြောဆိုကြလိမ့်မည်။သူတို့သည်မြွေဆိုးများကိုကိုက်ဖမ်းကြလိမ့်မည်။သေစေနိုင်သောအရာကိုသောက်မိလျှင်လည်း၎င်းသည်သူတို့ကိုဘေးဖြစ်စေလိမ့်မည်မဟုတ်။သူတို့သည်လူနာများအပေါ်၌ မိမိတို့လက်ကိုတင်၍ထိုသူတို့သည်လည်းပြန်လည်ကျန်းမာလာကြလိမ့်မည်ဟုမိန့်တော်မူ၏။ဤသို့ဖြင့်ယေဇူးသခင်သည်သူတို့အားမိန့်မှာတော်မူပြီးသည့်နောက်ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော်မူ၍ဘုရားသခင်၏ လက်ယာဘက်၌ ထိုင်တော်မူ၏။တပည့်တော်တို့သည်လည်း ထွက်သွားကြ၍ တရားတော်ကို အရပ်ရပ်၌ဟောပြောကြ၏။သခင်ဘုရားသည်လည်း သူတို့နှင့်အတူလုပ်ဆောင်တော်မူ၍သူတို့ဟောပြောသောတရားတော်မှန်ကန်ကြောင်းကိုသက်သေပြရန်တန်ခိုးလက္ခဏာများဖြင့်ကူညီစောင်မတော်မူလေ၏။*ထောက်ရှုချက်*ဆေးကြောခြင်းခံယူပြီးသော ညီအစ်ကိုမောင်နှမတိုင်းသည် ဧဝံဂေလိသတင်းကောင်းဟောပြောရန်တာဝန်ရှိကြသည်။မိမိ၏ကောင်းသောပုံသက် သေဖြင့်သတင်းကောင်းဟော‌ပြောနိုင်သည်။သူတစ်ပါးကျွန်ုပ်တို့ကို မြင်လျှင်ဘုရားကိုမြင်နိုင်သည်။“ကိုယ်တော်ကတပည့်တော်ကြီးတို့ အား“ကမ္ဘာအရပ်ရပ်သို့သွားကြ၍ဝေနေယျသတ္တဝါအပေါင်းတို့အားဧဝံဂေလိတရားတော်ကိုဟောပြောကြလော့။ကျွန်ုပ်တို့သည်သခင်ယေဇူး၏“တပည့်”ဖြစ်စေ၊“တမန်တော်”ဖြစ်စေမည်သည့်အခြေအနေတွင်မဆိုသခင်ယေဇူး၏တရားတော်ကိုလူအများသိစေရန်ဟောပြောရန်တာ၀န်ရှိကြသည်။လိုအပ်သောဆုကျေးဇူးတော်ကိုတောင်းလျှောက်ကြပါစို့။

Daily Reflection