၂၀၂၃ ခုနှစ်၊ဧ ပြီလ (၂၆) ရက် ပါစကားတတိယပတ်ဗုဒ္ဓဟူးနေ့၊ အဖြူရောင်
ပထမကျမ်း - တမန်တော် ၈း၁ခ-၈
ဧဝံဂေလိကျမ်း - ယောဟန် ၆း၃၅-၄၀
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယေဇူးကလည်း သူတို့အားမိန့်တော်မူသည်ကားငါသည်အသက်၏မုန့်ဖြစ်၏။ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှဆာငတ်ခြင်းရှိလိမ့်မည်မဟုတ်၊ငါ၌ယုံကြည်သောသူသည်လည်းမည်သည့်အခါမျှရေငတ်လိမ့်မည်မဟုတ်။သို့သော်သင်တို့သည်ငါ့ကိုမြင်ကြလျက်မယုံကြည်ကြဟုသင်တို့အားငါဆိုခဲ့လေပြီ။ငါ့အား ခမည်းတော်ပေးသမျှအရာအားလုံးသည်ငါ့ထံသို့လာလိမ့်မည်။ငါ့ထံသို့လာသောသူကိုလည်းငါသည်နှင်ထုတ်လိမ့်မည်မဟုတ်။အကြောင်းမူကားငါသည်ငါ၏အလိုကို ဆောင်ရွက်ရန်မဟုတ်ဘဲ၊ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်သည်ကားငါ့အားကိုယ်တော်ပေးထားတော်မူသောအရာအားလုံးထဲမှတစ်ခုကိုမျှမဆုံးရှုံးစေဘဲ၊နောက်ဆုံးသောနေ့၌၎င်းတို့ကို ထမြောက်စေရန်ဖြစ်သတည်း။အဘယ်ကြောင့်ဆိုသော်ငါ့ခမည်းတော်၏အလိုတော်သည်ကားသားတော်ကိုဖူးမြင်၍သူ့ကိုယုံကြည်သောသူတို့အားထာဝရအသက်ကိုရရှိစေမည့်အကြောင်းဖြစ်သတည်း။ငါသည်လည်း ထိုသူ့ကိုနောက်ဆုံးသောနေ့၌ထမြောက်စေမည်ဟုမိန့်တော်မူ၏။*ထောက်ရှုချက်*အထက်ပါကျမ်းပိုဒ်သည် ကျွန်ုပ်တို့ဆေးကြောခြင်းခံယူပြီးသောညီအစ်ကိုမောင်နှမများအတွက်မျှော်လင့်ချက်၏အခြေခံအုတ်မြစ်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော်သခင်ယေဇူးသည်အဖခမည်းတော်ဘုရား၏အစ်ကိုတော်ကိုဆောင်ရွက်ရန်လောကသို့ကြွတော်မူခြင်းဖြစ်သည်။ သခင်ယေဇူးသည်ဖခမည်းတော်ချစ်တော်မူသောသူတိုင်းကိုချစ်တော်မူသည်။ကျွန်ုပ်တို့လည်း သခင်ယေဇူး၏ပုံဥပမာကိုအတုယူ၍ အချင်းချင်းချစ်နိုင်ကြပါသလော့။