၂၀၂၃ ခုနှစ်၊ဧပြီလ (၂၇) ရက်ပါစကားတတိယပတ်ကြာသပတေးနေ့၊အဖြူရောင်
ပထမကျမ်း*တမန်တော် ၈း၂၆-၄၀
ဧဝံဂေလိကျမ်း*ယောဟန် ၆း ၄၄-၅၁
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်က ခေါ်ယူသောသူမှတစ်ပါး မည်သူမျှငါ့ထံသို့မလာနိုင်။ငါသည် ထိုသူ့ကိုနောက်ဆုံးသောနေ့တွင် ထမြောက်စေမည်။ပရောဖက်ကျမ်းများတွင်ရေးထားလျက်ရှိသည်ကား ထိုသူအပေါင်းတို့သည် ဘုရားသခင်၏ သွန်သင်ခြင်းကိုခံကြရလိမ့်မည်ဟူ၍ဖြစ်၏။ခမည်းတော်ထံမှကြားရ၍ သွန်သင်ခြင်းခံရသောသူတိုင်းသည်ငါ့ထံသို့ လာ၏။ဘုရားသခင်ထံမှကြွလာသောသူမှတစ်ပါးမည်သူမျှခမည်းတော်ကိုမြင်ဖူးသည်မဟုတ်။သူသာလျှင် ခမည်းတော်ကိုမြင်ဖူးခဲ့၏။ သင်တို့အားငါဧကန်အမှန်ဆိုသည်ကားယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏။ငါသည် အသက်၏မုန့်ဖြစ်၏။သင်တို့၏ဘိုးဘေးတို့သည် တောကန္တာရ၌မန္နာမုန့်ကိုစားကြရလျက်သေဆုံးခဲ့ကြ၏။ဤသည်ကား ကောင်းကင်မှဆင်းလာသောမုန့်ဖြစ်သဖြင့် လူသည်ထိုမုန့်ကိုစား၍သေခြင်းသို့မရောက်နိုင်။ ငါသည် ကောင်းကင်မှဆင်းသက်လာသည့်အသက်ရှိသောမုန့်ဖြစ်၏။ဤမုန့်ကို စားသောသူသည် အစဉ်ထာဝရအသက်ရှင်လိမ့်မည်။ဤလောက၏အသက်အဖို့ငါပေးမည်ဖြစ်သောမုန့်သည် ငါ၏ အသားပေးတည်းဟုမိန့်တော်မူ၏။*ထောက်ရှုချက်*ကိုယ်တော်မြတ်စက္ကရမင်တူးသည်ကမ္ဘာပေါ်ရှိအဖိုးတန်ရတနာများထက်တန်ဖိုးရှိသည်။သခင်ယေဇူးသည်ဘုရားအဖြစ်လူ့အဖြစ်နှစ်ပါးဖြင့်ကိန်းဝပ်တော်မူသည်။အကယ်၍မိစ္ဆားတရားချိန်တွင်ဘုရားကျောင်းထဲ၌နေရာလွတ်များစွာရှိလျှင်ဘာသာသူများသည်ကိုယ်တော်မြတ်စက္ကရမင်တူး၏တန်ဖိုးကိုနားမလည်ကြပေ။နောက်ဆုံးညစာစားပွဲတွင်ယေဇူးကျွန်ုပ်တို့ကိုယ်တော်မြတ်စက္ကမင်တူး၏တန်ဖိုးကိုတန်ဖိုးထားကြသလော။