Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-04-27 05:02:47

၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၈) ရက်ပါစကားတတိယပတ်သောကြာနေ့၊ သံပီတာချာနဲလ် (ရဟန်း၊ ဓမ္မအာဇာနည်)အဖြူရောင်
ပထမကျမ်း       ။           ။ တမန်တော် ၉း ၁-၂၀
ဧဝံဂေလိကျမ်း  ။           ။ ယောဟန် ၆း၅၂-၅၉
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)  

 ထိုအခါ ဂျူးလူမျိုးတို့ကဤသူသည် အကျွန်ုပ်တို့အားသူ၏အသားကိုစားရန်မည်ကဲ့သို့ပေးနိုင်မည်နည်းဟူ၍မိမိတို့အချင်းချင်းငြင်းခံကြလေ၏။ယေဇူးကလည်းသူတို့အားမိန့်တော်မူသည်မှာ သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား လူသား၏ အသားကိုသင်တို့မစား၊သူ၏သွေးကိုလည်းသင်တို့မသောက်ကြလျှင်သင်တို့၌ အသက်မရှိနိုင်ရာ။ငါ၏အသားကိုစား၍ငါ၏သွေးကိုသောက်သောသူသည် ထာ၀ရအသက်ကိုရ၏။ငါသည်လည်း ထိုသူကို နောက်ဆုံးသောနေ့၌ရှင်ပြန်ထမြောက်စေမည်။အကြောင်းမူ ကားငါ၏အသားသည်စားစရာအမှန်ဖြစ်၏။ငါ၏သွေးသည်လည်းသောက်စရာအမှန်ဖြစ်၏။ငါ၏အသားကိုစား၍ ငါ၏သွေးကိုသောက်သောသူသည်ငါ၌တည်နေ၏။ငါသည်လည်းထိုသူ၌တည်နေ၏။အသက်ရှင်တော်မူသောခမည်းတော်သည်ငါ့ကိုစေ လွှတ်တော်မူသည့်အတိုင်း ငါသည်ခမည်းတော်အားဖြင့်အသက်ရှင်၏။ငါ့ကိုစားသောသူသည်လည်း ငါ့အားဖြင့်အသက်ရှင်လိမ့်မည်။ဤသည်ကား ကောင်းကင်မှဆင်းသက်လာသောမုန့်ဖြစ်သတည်း။ဤမုန့်သည်သင်တို့၏ဘိုးဘေးများစားခဲ့ကြ၍သေဆုံး ခဲ့ကြသောမန္နာမုန့်ကဲ့သို့မဟုတ်။ဤမုန့်ကိုစားသောသူမူကား အစဉ်ထာဝရအသက်ရှင်လိမ့်မည်ဟုမိန့်တော်မူ၏။ကိုယ်တော်သည် ဤအကြောင်းအရာများကိုကာဖာနာအုမ်မြို့ရှိတရားဇရပ်၌သွန်သင်တော်မူခြင်းဖြစ်၏။**ထောက်ရှုချက်**စိန့်သြဂုတ်စတင်းက“ငါ (ခရစ်တော်)သည်အင်အားကြီးသောမုန့်ဖြစ်၏။ငါ့ကိုပင့်ယူကြလော့။ဒါပေမဲ့ သင်ငါ့ကိုကြေညက်အောင်လုပ်နေခြင်းမဟုတ်ပါ။ကျွန်ုပ်သာလျှင် သင့်ကိုကြေညက်စေမည့်သူဖြစ်ပါသည်”ဟူ၍ကိုယ်တော်မြတ်စက္ကမင်တူးနှင့်ပတ်သက်သောအဆိုကိုဖွင့်ဆိုခဲ့ပါသည်။ထိုမုန့်သည်ကောင်းကင်ဘုံမှမုန့်တော်ဖြစ်သည်။ကိုယ်တော်မြတ်ကိုပင့်ယူခြင်းဖြင့်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လာသည်။ဤအရာသည် တန်ဖိုးတော်ဖြစ်သည်။ကျွန်ုပ်တို့၏ကိုယ်တော်မြတ်စက္ကရမင်တူးပေါ်ထားရှိသော ယုံကြည်ခြင်းသည်တဖြည်းဖြည်းရင့်ကျက်လာ၍ခရစ်တော်နှင့်ပေါင်းစည်းကြပါစို့။

Daily Reflection