Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-04-28 03:23:09

၂၀၂၃ ခုနှစ်၊ဧ ပြီလ (၂၉) ရက်   ပါစကားတတိယပတ်စနေနေ့စီအဲန်နာမြို့မှ သံတာကက်သရင်း (ကညာစင်၊ ဓမ္မအာဇာနည်) အဖြူရောင်
ပထမကျမ်း  ။တမန်တော် ၉း၃၁-၄၂
ဧဝံဂေလိကျမ်း ။ ယောဟန် ၆း ၆၀-၆၉
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR) 

များစွာသောတပည့်တော်တို့သည် ဤအကြောင်းအရာကို ကြားကြလျှင်ဤသွန်သင်ချက်သည် ခက်ခဲလှပေ၏။မည်သူသည်ဤအချက်ကို နာယူနိုင်မည်နည်းဟုဆိုကြလေ၏။ကိုယ်တော်မူကားဤအကြောင်းအရာအပေါ် မိမိ၏တပည့်တော်များ ဝေဖန်ပြောဆိုနေကြသည်ကိုသိသောကြောင့်သူတို့အားမိန့်တော်မူသည်ကားဤစကားကြောင့်သင်တို့စိတ်ပျက်ကြသလော။သို့ဖြစ်လျှင်အကယ်၍လူသားသည်မိမိယခင်ကရှိတော်မူခဲ့သောအရပ်သို့တက်ကြွသွားသည်ကိုသင်တို့မြင်ကြရပါကမည်သို့ရှိမည်နည်း။ဝိညာဉ်သည်အသက်ကိုပေး၏။ကာယသည်ကားမည်သို့မျှမတတ်နိုင်။သင်တို့အားငါပြောသောစကားများသည်ဝိညာဉ်နှင့်အသက်ဖြစ်ကြ၏။သို့သော်သင်တို့အလယ်တွင်မယုံကြည်သောသူအချို့ရှိ၏ဟုမိန့်တော်မူ၏။အကြောင်းမူကားမည်သူတို့သည်မယုံ ကြည်သောသူများဖြစ်ကြ၍မည်သူသည်မိမိကိုသစ္စာဖောက်မည်ကိုအစဦးကပင်ယေဇူးသိတော်မူ၏။သို့ဖြစ်၍ကိုယ်တော်ကဤအကြောင်းကြောင့်ငါ၏ခမည်းတော်အခွင့်ပေးတော်မမူလျှင်မည်သူမျှ ငါ့ထံသို့မလာနိုင်ကြောင်းသင်တို့အားငါဆိုခဲ့ပြီဟုမိန့်တော်မူ၏ထိုအချိန်စမှ၍များစွာသောတပည့်တော်တို့သည်ထွက်ခွာသွားကြ၍ကိုယ်တော်နှင့်အတူသွားလာခြင်းမရှိကြတော့ချေ။ထိုအခါ ယေဇူးကတပည့်တော်တစ်ဆယ့်နှစ်ပါတို့အား သင်တို့သည်လည်းထွက်ခွာသွားရန်အလိုရှိကြသလောဟုမေးတော်မူလျှင်၊စီမွန်ပေတရုကသခင်ဘုရား၊တပည့်တော်တို့သည်မည်သူ့ထံသို့သွားရပါမည်နည်း။ကိုယ်တော်၌ ထာဝရအသက်နှင့်ဆိုင်သောစကားရှိပါ၏။ကိုယ်တော်သည်ဘုရားသခင်ထံမှကြွလာသည့်သန့်ရှင်းမြင့်မြတ်သောသူဖြစ်တော်မူသည်ကိုတပည့်တော်တို့ယုံကြည်သိမှတ်ခဲ့ကြပါပြီဟုပြန်လျှောက်လေ၏။*ထောက်ရှုချက်*လူသားများနှင့် သက်ရှိသတ္တဝါတို့သည် ဘုရားသခင်ကြောင့် အသက်ရှင်ကြရသည်။ ပုဂ္ဂိုလ် သုံးပါး ဘုရားတစ်ဆုသည် တစ်လုံးတစ်ဝတည်းရှိကြသည်။သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ထွက်သက်ဝင်သက် ဖြစ်သည်။လူသားများသည်ဘုရားသခင်ကိုနားထောင်ရုံမက ဘုရားသခင်နှင့်စကားပြောကြသည်။ဤအခြင်းအရာကိုဆုတောင်းခြင်းဟုခေါ်သည်။ဘုရားသခင်နှင့်ဆက်သွယ်မှု ရှိလျှင်လူ၏အသက်တာသည်ဘုရားရှိရာနေရာသို့ခေါ်ဆောင်ခြင်း၊ဖိတ်ခေါ်ခြင်းခံရသည်။ထို့ကြောင့်ရှင်ပေတရုသည်ကိုယ်တော်ရှင်ကိုဤအချက်ကိုနားလည်သဖြင့်ကိုယ်တော်နှင့် ပြောသည်ကား“သခင်ဘုရားတပည့်တော်တို့သည် မည်သူထံသို့သွားရပါမည်နည်း။ကိုယ်တော်၌ထာဝရအသက်နှင့်ဆိုင်သောစကားရှိပါ၏”ဟူ၍ ကိုယ်တော်ကိုပြောလေ၏။ကျွန်ုပ်တို့မည်သူ့ထံသို့သွားမည်နည်း။လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပါသည်။

Daily Reflection