Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-04-30 04:45:30

May 1, 2023 - The feast day of St. Joseph the Worker(စိန့်ဂျိုးဇက် အလုပ်သမားပွဲနေ)
Matthew 13:54-58၊  ရှင်မာသေဦး ၁၃:၅၄-၅၈
Reflection by Rev. Fr. Dominic (CSSR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

မိမိ၏နေရင်းမြို့သို့ရောက်တော်မူလျှင်ကိုယ်တော်သည်လူတို့ကိုသူတို့၏တရားဇရပ်၌သွန်သင်တော်မူသဖြင့်သူတို့သည်လွန်စွာအံ့ဩကြလျက်ဤသူသည်ဤပညာနှင့်ဤအံ့ဖွယ်တန်ခိုးများကိုအဘယ်ကရသနည်း။သူသည်လက်သမား၏သားမဟုတ်လော။သူ၏အမိကိုမာရိယာဟုခေါ်သည်မဟုတ်ပါလော။ယာကုပ်၊ဂျိုးဇက်၊စီမွန်နှင့်ဂျုဒတို့သည်သူ၏ညီများမဟုတ်သလော။သူ၏နှမတို့သည်လည်း ငါတို့အနီးအနားတွင်နေထိုင်ကြသည်မဟုတ်လော။သို့ဖြစ်လျှင်ဤသူသည် ဤအရာအားလုံးတို့ကို အဘယ်ကရသနည်းဟုဆိုကြ၍၊ကိုယ်တော့်ကိုလက်မခံလိုကြချေ။ယေဇူးကလည်းပရောဖက်သည် မိမိ၏မြို့နှင့်မိမိ၏ အိမ်မှတစ်ပါးအခြားသောအရပ်၌ဂုဏ်သရေမဲ့သည်ဟူ၍မရှိဟုမိန့်တော်၏။ကိုယ်တော်သည် ထိုသူတို့၏ယုံကြည်ခြင်းကင်းမဲ့မှုကြောင့်ထိုအရပ်၌တန်ခိုးလက္ခဏာများစွာပြတော်မမူချေ။***ထောက်ရှုချက် **ယနေ့သည်အပြည်ပြည်ဆိုင်ရာအလုပ်သမားပွဲနေ့ဖြစ်ပါသည်။စိန့်ဂျိုးဇက်၏ပုံပမာနှင့်ကျွန်ုပ်တို့၏အသက်တာတွင်လုပ်သားများ၏လုပ်အားကိုတန်ဖိုးထားတတ်ရန်အလို့ငှာစိန့်ဂျိုးဇက်၏ ပုံစံနာမူနာကို အတုယူရန်အတွက်အသင်းတော်သည်ယနေ့ကိုရွေးချယ်သတ်မှတ်ရခြင်းဖြစ်သည်။လူ့ဘဝတွင် မတူညီသောဘဝ လျှောက်လှမ်းရာ၌ အမျိုးမျိုးသောအဖြစ်အပျက်ကို ဖြစ်ပေါ်စေခဲ့ပါသည်။ မိသားစုအချို့သည် စားဝတ်နေရေးအတွက်ရုန်းကန်နေကြရသည်။အချို့မှာသူဌေး၏ကျွန်အဖြစ်အတင်းအကြပ်စေခိုင်းခံရသည်။အချို့မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၊မေတ္တာကရုဏာအတွက် စိတ်အားထက်သန်ပြီးလွတ်လပ်စွာလုပ်ကိုင်နိုင်ကြသည်။ဤကဲ့သို့ဝမ်းစာအတွက်လုပ်ကိုင်ရင်း အချို့တို့သည် ကုမ္ပဏီမှထုတ်ပယ်ခြင်းခံရသည််။ထို့ကြောင့် ကျွန်ုပ်တို့သည်အလုပ်လုပ်သောအခါတာဝန်ကျေပွန်အောင် ထမ်းဆောင်ရန်လိုအပ်ပါသည်။ မိသားစုကိုတန်ဖိုးထားရပါမည်။ မိမိ၏အလုပ်၊ မိမိ၏အသိုင်းအဝိုင်း နှင့်ဘုရားသခင်အပေါ်သစ္စာရှိရပါမည်။မိမိတို့ကိုယ်ကိုတန်ဖိုးထားရမည်။ကျွန်ုပ်တို့ဖန်ဆင်းခံသတ္တဝါများအနေဖြင့်မိမိတို့ကိုယ်ပိုင်စွမ်းရည်၊အစွမ်းအစများကို ကမ္ဘာကြီးအားစောင့်ရှောက်ရာတွင် ဘုရားနှင့်အတူပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါသည်။ကျွန်ုပ်တို့သည်ခရစ်တော်နှင့်တူလေလေ နှုတ်တော်ထွက်စကားများကို  နားထောင်နိုင်ပြီး ကိုယ်တော်၏စံနမူနာကို လိုက်နာလေလေဖြစ်သည်။ဂါလာဆီးကျမ်း- ၅း၁၇ တွင် “ကျွန်ုပ်၏အဖသည်ယခုတိုင်အလုပ်လုပ်သည့်အတိုင်း ငါသည်လည်းအလုပ်လုပ်သည်”ဟု ဖော်ပြထားသည့်အတိုင်းစိန့်ဂျိုးဇက်သည် နေ့စဥ်အလုပ်လုပ်ရာတွင်ဘုရားသခင်၏အလိုတော်ကိုနားထောင်ပြီးလိုက်နာခဲ့သောသူရဟန္တာတစ်ပါးဖြစ်သည်။ထို့ကြောင့်စိန့်ဂျိုးဇက်၏စံနမူနာကိုအတုယူကြပါစို့။ 

Daily Reflection