Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-05-01 05:04:20

၂.၅.၂၀၂၃ - ပါစကားကာလ၊စတုတ္ထအပတ်အင်္ဂါနေ့ ၊St. Athanasius ပွဲနေ့
ရှင်ယောဟန် ၁၀:၂၂- ၃၀
Reflection by Rev. Fr. Dominic (CSSR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ထိုအချိန်၌ဂျေရုဆလင်မြို့တွင်ဗိမာန်တော်ကိုဆက်ကပ်သည့်ပွဲတော်ကျင်းပလျက်ရှိ၍ ဆောင်းကာလလည်းဖြစ်၏။ယေဇူးသည် ဗိမာန်တော်အတွင်း၌ရှိသောဆောလမွန်မုခ်ဦးဆောင်တွင်စင်္ကြံလျှောက်လျက်နေတော်မူ၏။ထိုအခါဂျူးလူမျိုးတို့သည်ကိုယ်တော့်ကိုဝန်းရံလျက်သင်သည် မည်မျှကြာအောင်အကျွန်ုပ်တို့၏စိတ်ကိုမရေမရာဖြစ်စေမည်နည်း။သင်သည် ခရစ်တော်ဖြစ်ပါလျှင်အကျွန်ုပ်တို့အားအတိအလင်းပြောပါလော့ဟုဆိုကြ၏။ယေဇူးကသူတို့အားပြန်ဖြေတော်မူသည်ကားသင်တို့အားငါပြောဆိုခဲ့လေပြီ။သို့သော်သင်တို့သည်မယုံကြည်ကြ။ငါ့ခမည်းတော်၏နာမတော်၌ငါလုပ်ဆောင်သောအမှုတို့သည်ငါ့ကိုသက်သေခံလျက်ရှိ၏။သို့သော်သင်တို့သည် မယုံကြည်ကြ။အဘယ်ကြောင့်ဆိုသော် သင်တို့သည်ငါ၏သိုးစုတွင်မပါဝင်ကြသောကြောင့်ဖြစ် ၏။ငါ၏ သိုးတို့သည်ငါ့အသံကိုနားထောင်ကြ၏။ငါသည်သူတို့ကိုသိ၍သူတို့သည်လည်း ငါ့နောက်သို့လိုက်ကြ၏။ငါသည်သူတို့အား ထာဝရအသက်ကိုပေး၏။သူတို့သည်မည်သည့်အခါမျှပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်မဟုတ်။မည်သူမျှသူတို့ကိုငါ့ထံ မှမလုယူနိုင်။သူတို့ကို ငါ့အားပေးတော်မူသောခမည်းတော်သည် အားလုံးထက်ကြီးမြတ်တော်မူသည်ဖြစ်၍မည်သူကမျှသူတို့ကိုခမည်းတော်၏လက်မှမလုယူနိုင်။ခမည်းတော်နှင့်ငါသည်တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။*ထောက်ရှုချက် **ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်းရှိခြင်းသည်ကိုယ်တော်၏ကရုဏာမေတ္တာ၌တည်ကြည်ရန်ဖြစ်သည်။ကျွန်ုပ်တို့အားလုံးသည်မိမိတို့ချစ်ရသောသူ၊မိသားစု၊ဆွေမျိုးများ၊သူငယ်ချင်းများ၊မိမိနှင့်ဆက်စပ်သောအဖွဲ့အစည်းတွင်အကောင်းဆုံးသောအရာကိုသာဖြစ်စေချင်သည်။သို့သော် ကျွန်ုပ်တို့၏အလိုဆန္ဒနှင့်မျှော်လင့်ချက်မှာမျှော်လင့်သလိုဖြစ်မလာပေ။ကျွန်ုပ်တို့သည်အရာတစ်ုခုကိုမယုံလျှင်ဖြစ်စေ(သို့မဟုတ်) သံတယရှိလျှင်ဖြစ်စေ၊ကျွန်ုပ်တို့၏မျက်စိရှေ့တွင်ရှိသောအရာများသည်တည်ရှိသည်ဟု မအောက်မေ့နိုင်။လက်မခံနိုင်၊အသိအမှတ်မပြုနိုင်ပေ။သခင်ယေဇူးသည်မိမိ၏တပည့်တော်ကြီးများအားထင်ရှားပြသော်လည်း သူတို့သည်ကိုယ်တော်ကိုမေးခွန်းများဆက်လက်ထုတ်နေကြသည်။ကျွန်ုပ်တို့မည်မျှကြာအောင်ဆက်လက်သည်းခံရမည်နည်း။ယေဇူးသည်ကြိမ်ဖန်များစွာထင်ရှားပြ‌သော်လည်းတပည့်တော်တို့မှာမယုံကြည်နိုင်ခဲ့ကြပေ။သခင်ယေဇူးကတပည့်တော်တို့၏အားနည်းချက်ကိုကျော်လွှားသွားနိုင်ရန်ကူညီပေးနိုင်သည်ကိုသိရှိကြသည်။ဘုရားသခင်၏မေတ္တာတော်နှင့်ကရုဏာသက်ရောက်မှုကြောင့်သူတို့၏ယုံကြည်ခြင်းခိုင်ခံ့စေခဲ့သည်။တပည့်တော်ကြီးများနှင့်ယနေ့ကျရောက်သော St. Athanasiusတို့၏စံနမူနာကောင်းကိုအတုယူ၍ကျွန်ုပ်တို့ယုံကြည်ခြင်းကိုကာကွယ်ပေးသူကျွန်ုပ်တို့၏ကျောထောက်နောက်ခံအဖြစ်စစ်မှန်သောယုံကြည်ခြင်းပြောင်းလဲပေးတော်မူပါစေဟုဆုတောင်းပေးလိုက်ပါသည်။  

Daily Reflection