Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-05-02 06:20:17

၃.၅.၂၀၂၃ - ပါစကားကာလ၊စတုတ္ထအပတ်ဗုဒ္ဓဟူးနေ့St.Philip and James Feastday
ရှင်ယောဟန် ၁၄:၆- ၁၄
Reflection by Rev. Fr. Dominic Vuong(CSSR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ယေဇူးကငါသည်လမ်းခရီးဖြစ်၏။သမ္မာတရားလည်းဖြစ်၏။အသက်လည်းဖြစ်၏။ငါ့ကိုအမှီမပြုဘဲ မည်သူမျှခမည်းတော်ထံသို့မလာနိုင်။သင်တို့သည်ငါ့ကိုသိကြပါလျှင်ငါ၏ ခမည်းတော်ကိုလည်းသိကြလိမ့်မည်။ယခုမှစ၍ သင်တို့သည်ငါ၏ ခမည်းတော်ကိုသိကြ၍ဖူးမြင်ကြရလေပြီဟုသူ့အားမိန့်တော်မူ၏။ဖိလိပုကလည်း သခင်ဘုရား၊ခမည်းတော်ကိုတပည့်တော်တို့အားပြတော်မူပါလျှင်တပည့်တော်တို့စိတ်ကျေနပ်ကြပါလိမ့်မည်ဟုကိုယ်တော်အားလျှောက်လေ၏။ယေဇူးကသူ့အားမိန့်တော်မူသည်မှာ ဖိလိပုငါသည် သင်တို့နှင့်အတူ ဤမျှကြာအောင်နေခဲ့ပါသော်လည်းသင်သည်ငါ့ကိုမသိသလော။ငါ့ကိုမြင်ရသောသူသည်ခမည်းတော်ကိုလည်း ဖူးမြင်ရ၏။အဘယ်ကြောင့် သင်သည်ခမည်းတော်ကိုတပည့်တော်တို့အားပြပါဟုဆိုရသနည်း။ငါသည်ခမည်းတော်၌တည်ရှိ၍ ခမည်းတော်သည်လည်း ငါ၌တည်ရှိကြောင်းကိုသင်မယုံကြည်သလော။သင်တို့အားငါပြောသောစကားများကိုငါသည်ငါ၏အခွင့်အာဏာဖြင့်ပြောသည်မဟုတ်။ငါ၌တည်ရှိတော်မူသောခမည်းတော်သည် မိမိ၏အမှုတော်များကို ဆောင် ရွက်ခြင်းသာဖြစ်၏။ငါသည်ခမည်းတော်၌တည်ရှိ၍ ခမည်းတော်သည်လည်းငါ၌တည်ရှိသည်ကိုယုံကြည်ကြလော့။ဤသို့မဟုတ်လျှင်လည်း ငါပြုသောအမှုအရာများကိုထောက်၍ ငါ့ကိုယုံကြည်ကြလော့။သင်တို့အား ငါဧကန်အမှန်ဆိုသည်ကားငါ့ကိုယုံကြည်သောသူသည်ငါပြုသောအမှုအရာများကိုလည်းပြုလိမ့်မည်။သူသည်ယင်းထက်ကြီးမြတ်သောအမှုအရာများကိုလည်းပြုလိမ့်မည်။အကြောင်းမူကား ငါသည်ခမည်းတော်ထံသို့သွားမည်ဖြစ်သောကြောင့်တည်း။သားတော်အားဖြင့်ခမည်းတော်၏  ဘုန်းတော်ထင်ရှားစေရန်ငါ၏နာမတော်၌သင်တို့တောင်းလျှောက်သမျှကိုငါပြုမည်။သင်တို့သည်ငါ၏နာမကိုအမှီပြု၍တစ်စုံတစ်ရာကိုတောင်းလျှောက်လျှင်ငါသည်ထိုအရာကိုပြုမည်။*ထောက်ရှုချက်*ငါ့ကိုသိကြပါလျှင် ငါ၏ခမည်းတော်ကိုလည်းသိကြလိမ့်မည်။ငါ၌ကိန်းဝပ်တော်မူသောခမည်းတော်သည်အမှုတော်တို့ကိုဆောင်ရွက်တော်မူမည်။မည်သူမျှသားမပါပဲအဖေမဖြစ်နိုင်သလိုအဖေမပါပဲသားမဖြစ်နိုင်ပါ။ဆိုလိုသည့်အဓိပ္ပါယ်မှာ ကျွန်ုပ်တို့ဘုရားသခင်ကိုဝတ်ပြုဆုတောင်းရာတွင်ခမည်း‌တော် ဘုရားနှင့်သားတော်ဘုရားကိုပါရှစ်ခိုးကိုးကွယ်ရမည်။ခွဲခြားရှစ်ခိုး၍မရနိုင်ပါ။သားတော်ဘုရားသည်ခမည်းတော်ဘုရားထံမှလာသည်။ခမည်း‌တော်ဘုရားနှင့်သားတော်ဘုရားတို့၏ရင်းနှီးဆက်ဆံမှုကိုသူတို့နှစ်ပါးကလွဲ၍မည်သူမျှမသိနိုင်။အချင်းချင်းစည်း လုံးညီညွတ်မှုရှိကြသည်။တနည်းအားဖြင့်မိသားစုတွင် မိဘများတစ်ဦးကိုတစ်ဦး ချစ်ခင်လေးစားမှုရှိသောအခါသူတို့သည်စည်းလုံးမှုရှိလာကြသည်။ဤနေ့ဧဝံဂေလိကျမ်းစာတော်၌ကျွန်ုပ်တို့အား သားတော်မှတဆင့်ခမည်းတော်ကိုသိနိုင်သည်ဟုဖော်ပြပေးထားသည်။ “ငါ့ကိုမြင်ရသော သူသည် ခမည်းတော်ကိုလည်းဖူးမြင်ရ၏။ ငါ့ကိုသိကြပါလျှင် ငါ၏ ခမည်းတော်ကိုလည်း သိကြလိမ့်မည်”ဟု ယေဇူးအမိန့်တော်ရှိခဲ့သည်။ခရစ်တော်နောက်လိုက်ကြသောတပည့်တော်ကြီးများတို့သည်လည်း တခါတရံသူတို့၏အခက်ခဲကန့်သတ်ချက်များနှင့်ရင်ဆိုင်နေကြရသည်။ယေဇူးသည် ဖိလိပ္ပုအားငါသည်သင်နှင့်အတူရှိနေသည်မှာကြာပြီဖြစ်သော်လည်းသင်တို့သည်ငါ့ကိုမသိကြသေးပေ။ဖိလစ်နှင့်ဂျိမ်းစ်တို့၏ဘုရားသခင်အပေါ်ထားရှိသောယုံကြည်ခြင်းအတိုင်း “ငါ၏နာမတော်မြတ်၌တောင်းလျှောက်ရာဟူသမျှကိုငါနားညောင်းတော်မူမည်”ကျွန်ုပ်တို့၏နေ့စဥ်ဘုရားသခင်အပေါ်ထားရှိသောသဒ္ဒါကြည်ညိုခြင်းသည်တစ်ရက်ထက်တစ်ရက် ဘုရားနှင့်နီးစပ်လာပါစေ။အဘယ်ကြောင့်ဆိုသော်ခမည်းတော်ဘုရားကိုသိရှိရန်သားတော်ဘုရားမှတဆင့် ခမည်းတော်ဘုရား၏ရွှေစိတ်တော်ကိုတွေ့ရန်ဖြစ်သည်။ 

Daily Reflection