Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-05-03 06:32:44

၄.၃.၂၀၂၃ - ပါစကားကာလ စတုတ္ထအပတ် ကြာသပတေးနေ့
ရှင်ယောဟန် ၁၃:၁၆-၂၀
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သင်တို့အားငါဧကန်အမှန်ဆိုသည်ကား အစေခံသည်မိမိ၏သခင်ထက်ကြီးမြတ်သည်မဟုတ်။စေလွှတ်ခြင်းခံရသူသည်လည်းစေလွှတ်သောသူထက်ကြီးမြတ်သည်မဟုတ်ပေ။သင်တို့သည်ဤအကြောင်းအရာများကိုသိရှိ၍လိုက်နာဆောင်ရွက်ကြပါလျှင်မင်္ဂလာရှိကြ၏။ငါသည်သင်တို့အားလုံးကိုပြောဆိုနေခြင်းမဟုတ်။ငါရွေးချယ်ထားသောသူတို့ကိုငါသိ၏။ဤသို့ဖြစ်ရခြင်းမှာငါနှင့်အတူပေါင်မုန့်ကိုစားသောသူသည်ငါ့ကိုခြေဖြင့်ကန်ကျောက်လေပြီဟူသောကျမ်းချက်ပြည့်စုံမည့်အကြောင်းတည်း။ထိုအကြောင်းအရာမဖြစ်ပျက်မီငါသည်ယခုသင်တို့အားထိုအရာကိုပြောထားလေပြီ။သို့မှသာထိုအကြောင်းအရာဖြစ်ပျက်လာသောအခါငါသည်ထိုသူဖြစ်သည်ကိုသင်တို့ယုံကြည်ကြလိမ့်မည်။သင်တို့အားငါဧကန်အမှန်ဆိုသည်ကားငါစေလွှတ်သောသူမည်သူ့ ကိုမဆိုလက်ခံသောသူသည်ငါ့ကိုလက်ခံ၏။ငါ့ကိုလက်ခံသောသူသည်ငါ့ကို စေလွှတ်တော်မူသောသူကိုလည်းလက်ခံ၏ဟုမိန့်တော်မူ၏။*ထောက်ရှုချက်*ကိုယ်တော်၏အလိုတော်သည်ပြည့်စုံပါစေသော်။ဆင်းရဲသားများ၊စွန့်ပစ်ခံလူသားများဝန်ဆောင် မှုများပြုလုပ်ပေးနေတစ်ပါးသူများ၏ကဲ့ရဲရှုတ်ချခြင်းမိမိ၏ဂုဏ်သိက္ခာကျမည်ကိုမစိုးရိမ်မကြောက်ပါနှင့်။ကျွန်ုပ်တို့တို့၏နှိမ့်ချခြင်းကိုပြနိုင်ခြင်းသည်ယေဇူးသခင်း၏ ပုံသက်သေကိုလိုက်၍ စံနမူနာယူနေခြင်းဖြစ်သည်။သခင်ယေဇူးကကျွန်သည်သခင်ထက်သာ၍မကြီးမြတ်နိုင်ပေ။စေလွတ်တော်မူသောသူထက်ကြီးမြတ်သောသူဟူ၍မရှိဟုသခင်ယေဇူးမိန့်တော်မူခဲ့သည်အတိုင်းဤအမှန်တရားကိုမပြောလဲနိုင်ပေ။ကိုယ်တော်၏နှုတ်ကပတ်တော်သည်ကျွန်ုပ်တို့ကို ဖိတ်ခေါ်လျက်ရှိသည်။အမြဲအားပေးနေသည်။ယခုအခါသူတစ်ပါးကို ဦးဆောင်လမ်းညွှန်ရန်အလွန်ခက်ခဲပါသည်။တခါတရံသူတို့၏ခြေထောက်များကိုကျွန်ုပ်တို့ကဒူးထောက်၍ဆေးပေးရန်တောင်းဆိုမှုများရှိပါသည်။သူတို့သည်ကျွန်ုပ်တို့ကိုအထင်အမြင်သေးလျက်မြေကြီးပေါ်သို့လဲကျအောင်ခြေထောက်ဖြင့်ကန်ခြင်းခံခဲ့ရပါသည်။ဤအချိန်တွင်ကျွန်ုပ်တို့သည်ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်ပြန်လည်ရုန်းထကာကိုယ်တော်၏အမှုတော်ကိုဆက်လက်ထမ်းဆောင်လျက်ရှိသည်။နေ့စဥ်ကျွန်ုပ်တို့လုပ်ငန်းဆောင်တာတွင်ကိုယ်တော်၏ ကျေးဇူးတော်ပါရှိပြီးထိုကျေးဇူးတော်သည်ကျွန်ုပ်တို့အတွက်လုံလောက်ပေသည်။ကျွန်ုပ်တို့သည်မည်သည့်အရာကိုဆောင်ရွက်သည်ဖြစ်စေ၊ကျွန်ုပ်တို့၏အကြံအစည်၊ကျွန်ုပ်တို့၏နှလုံးသားကိုနှုတ်ကပတ်တော်၏သွန်သင်မှုအတိုင်းလိုက်နာပြီးစိတ်ရှည်စွာ၊ သစ္စာရှိစွာဖြင့်အကူအညီလိုအပ်သောသူများအတွက်ဆောင်ရွက်ပေးလျှင်ကျွန်ုပ်တို့သည်မင်္ဂလာရှိသောသူဖြစ်လာမည်။ကျွန်ုပ်တို့လူသားများအနေဖြင့်ဘုရားသခင်၏အလိုတော်ကိုကြိုဆိုကာဘုရားသခင်၏အလိုတော်သည်ပြည့်စုံလာမည်ဖြစ်သည်။

Daily Reflection