၅.၅.၂၀၂၃ - ပါစကားကာလ စတုတ္ထအပတ် သောကြာနေ့
ရှင်ယောဟန် ၁၄:၁-၆
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယေဇူးကသင်တို့၏စိတ်နှလုံး၌စိုးရိမ်ပူပန်ခြင်းမရှိစေကြနှင့်။ဘုရားသခင်ကိုယုံကြည်ကြလော့။ငါ့ကိုလည်းယုံကြည်ကြလော့။ငါ၏ခမည်းတော်၏အိမ်တော်၌အခန်းများစွာရှိ၏။ထိုသို့ မဟုတ်ခဲ့ပါလျှင်ငါသည်သင်တို့အတွက်နေရာပြင်ဆင်ရန်သွားမည်ဟုပြောပါမည်လော။ငါသည်သင်တို့အတွက်နေရာပြင်ဆင်ရန်သွားပြီးလျှင်တစ်ဖန်ပြန်လာ၍ငါရှိသောနေရာတွင်သင်တို့လည်းရှိစေရန်သင်တို့ကို ငါ့ထံသို့ခေါ်ဆောင်မည်။သင်တို့သည်ငါသွားမည့်လမ်းကိုသိကြ၏ဟု မိန့်တော်မူ၏။ထိုအခါ သောမက သခင် ဘုရား၊မည်သည့်အရပ်သို့ကိုယ်တော်သွားမည်ကိုတပည့်တော်တို့မသိကြသောကြောင့်လမ်းခရီးကိုလည်းမည်ကဲ့သို့သိနိုင်ကြပါမည်နည်းဟုကိုယ်တော်အားမေးလျှောက်၏။ယေဇူးကငါသည်လမ်းခရီးဖြစ်၏။သမ္မာတရားလည်းဖြစ်၏။အသက်လည်းဖြစ်၏။ငါ့ကိုအမှီမပြုဘဲမည်သူမျှခမည်းတော်ထံသို့ မလာနိုင်။*ထောက်ရှုချက်*ကျွန်တော်ငယ်စဥ်ကအမေပေပြောခဲ့ဖူးသောစကားကိုမြင်ယောင်နေမိသည်။“မေးပါများ စကားရ၊ကျေးဇူးပြု၍ကျွန်တော်မသိဘူးလို့မပြောနဲ့။ကျွန်တော်လူလားမြောက်လာချိန်တွင် ကျွန်တော်၏ဆရာက“နည်းလမ်းသည်သင်၏အသိပညာဖြစ်သည်”ကြိုးစားပါ၊ဗဟုသုတရှာဖွေပါ၊သင့်အတွက်အကောင်းဆုံးလမ်းကိုရွေးချယ်ပါ။နာမည်ကျော်ကြားသောပုဂ္ဂိုလ်များအကြောင်းကိုလေ့လာကြည့်ပါ။တနည်းအားဖြင့်ကျွန်ုပ်တို့ကိုအပြုသ ဘောမြင်တတ်ဖို့ရန်၊အနှုတ်လက္ခဏာကိုရှောင်ရှားရန်ကျွန်ုပ်တို့ကိုဗဟုသုတရစေသည်။အလုပ်တစ်ခုကိုလုပ်ကိုင်လျှင်ခက်ခဲသော်လည်းဖြစ်နိုင်တယ်၊ဖြစ်အောင်ကြိုးစားမယ်စသည်ဖြင့် မိမိကိုယ်ကိုယုံကြည်မှုအပြည့်ဖြင့်လုပ်ကိုင်သင့်သည်။ကျွန်ုပ်တို့ စိတ်၊နှုတ်၊နှလုံးသားအားဖြင့်မိမိကိုယ်ကိုရှေ့သို့ခရီးဆက်လျက် ပြဿနာများကိုဖြေရှင်းရန်လိုအပ်ပါသည်။သို့သော်ကျွန်ုပ်တို့သည်လူသားဖြစ်သည့်အလျောက်ကန့်သတ်ချက်ရှိသည်။မပြည့်စုံနိုင်ပါ။ဖန်ဆင်းရှင်ကဲ့သို့တန်ခိုးမကြီးနိုင်ပါ၊။ဤအချက်ကြောင့်မိမိကိုယ်ကိုပြန်လည်သုံးသပ်ပြီးစဥ်းစားစေချင်သည်။အချို့လူတို့သည် ပြဿနာ၏အဆုံးတွင်မှောင်မိုက်ခြင်း၊စိတ်ဓါတ်ကျခြင်း၊မျှော်လင့်ကင်းမဲ့ခြင်းနှင့်ရင်ဆိုင်နေကြရသည်။ထိုအချိန်တွင်မျှော်လင့်ခြင်းပေးနိုင်သူ၊လမ်းပြနိုင်သူကိုလိုအပ်လာပါသည်။ဤအ ချက်သည်ကက်သလစ်ဘာသာဝင်တစ်ဦးအတွက် အထူးအဆန်းမဟုတ်ပေ။သမ္မာတရား၊လမ်းခရီးနှင့်အသက်လည်းဖြစ်သောယေဇူးသခင်သည်ကျွန်ုပ်တို့တွေ့ကြုံနေရသောအခက်ခဲများကိုဖြတ်သန်းခဲ့ပြီးဖြစ်သည်။ကိုယ်တော်ဒုက္ခစရိယာခံထမ်းတော်မူစဥ်မိန့်တော်မူခဲ့သည်ကား“ငါ၏စိတ်နှလုံးသည် သေလုမတတ်ညိုးငယ်ပူဆွေးခြင်းကိုခံစားရ၏။”(ရှင်မာဿဲ ၂၆း၃၈)“God will make a way.”သီချင်းအဓိပ္ပါယ်သည်လှပ၍နားဆင်ရန်အလွန်ကောင်းသောသီချင်းတစ်ပုဒ် ဖြစ်သည်။အကယ်၍ သင်၌ ယုံကြည်ခြင်းရှိလျှင် ဘုရားသခင်သည်သင့်အတွက်လမ်းဖောက်ပေးနေသည်ကိုသိပြီးဘုရား၌စိတ်သက်သာရာရရှိမည်။ဤယနေ့ကျးစာမှသခင်ယေဇူးက“သင်၏စိတ်နှလုံးပူပန်ခြင်းမရှိ ကြစေနှင့်၊ဘုရားသခင်၌ယုံကြည်လော့”ဟုမိန့်တော်မူချက်သည် ကျွန်ုပ်တို့အတွက်အင်အားဖြစ်စေသည်။